နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေး

ရန်ကုန်   နိုဝင်ဘာ  ၁၉


ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၉၁ နိုင်ငံ က လက်မှတ်ရေးထိုးထားပေသည်။ သဘောတူစာချုပ်တွင် အပိုဒ်ပေါင်း ၅၄ ခုပါဝင်သည်။ အပိုဒ် ၄၃ မှ ၅၄ သည် ကလေးသူငယ်များ ယင်းတို့၏ အခွင့်အရေးများရရှိ‌စေရန် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက  မည်သို့လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြဌာန်းထားခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံအစိုးရသည် ၁၉၉၁ ခုနှစ်က အဖွဲ့ဝင်နိုင်ငံအဖြစ် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အဓိကအခွင့်အရေးလေးရပ်၊ တာဝန်သုံးရပ်နှင့် နည်းမျိုးစုံဖြင့်   ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အမျိုးသမီးအခွင့်အရေး ၁၀ ရပ်နှင့် အခြေခံ   စည်းမျဉ်းသုံးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ကလေးများအားလုံးအတွက် စာချုပ်အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝဖော်ဆောင်ပေးရမည့် အဓိကအခွင့်အရေး ၄ ရပ်မှာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့် အခွင့်အရေးများဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၂၀၁၉ တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ကလေးအလုပ် သမားနှင့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ခြင်း၊ ပြစ်မှုကျူးလွန်သော ကလေးသူငယ်များ အား အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ မိဘပြုစုစောင့်ရှောက်မှုမရရှိသော ကလေးသူငယ် များအတွက် အခြားနည်းဖြင့် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ခြင်း၊ ကလေးမွေးစား  ခြင်းတို့နှင့် ပတ်သက်သည့် ဥပဒေများပါဝင်ရာ ကလေးသူငယ်များအတွက် ပိုမိုအကျိုးရှိပြုပြင်ပြောင်းလဲမှု တစ်ရပ်ဖြစ်သည်။ မွေးစမှ အသက် ၁၈ နှစ်မပြည့်သူများကို UNCRC အရ ကလေးဟုသတ်မှတ်သည်။ ကလေး များဘဝကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးပံ့ပိုးပေးရန် လူတိုင်းတွင် တာဝန်ရှိသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ  စံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရန် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် တစ်ဦးချင်းဖြစ်စေ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ် ဖြစ်သည့် ''ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့" နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက် စေချင်ကြောင်း ။           ။






အခြားဆက်စပ်သတင်းများ