နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တပ်မတော်မှ မော်တော်ယာဉ်များဖြင့် နိုင်ငံအတွင်း ပြန်လည်ရောက်ရှိလာသည့် ပြည်ပပြန်ပြည်သူများအား ပို့ဆောင်ပေး

ကန်ပိုက်တီး၊ မေ ၂

ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီးနယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ လာသည့်နိုင်ငံသားများအား COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် စနစ်တကျ လက်ခံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကာ ပြည်နယ်ပြင်ပရှိ  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ ပြည်သူများအား သတ်မှတ်နေရာအသီးသီးတွင် စောင့်ကြပ်ကြည့်ရှုပြီး နေရပ်ဒေသများသို့ အသီးသီး ဆက်လက်ထွက်ခွာနိုင်ရေး လုပ်ငန်းစဉ်များအား တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် လွယ်ဂျယ်နယ်စပ်ဂိတ်မှ ပြန်လည်ရောက်ရှိလာသည့် မကွေးတိုင်းဒေသကြီး တွင် နေထိုင်သည့် ပြည်သူ ၁၁၅ ဦးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေထိုင်သည့် ပြည်သူ ၁၄၈ဦးတို့အား မိုးမောက်မြို့နယ် ကျောက်စခန်းစစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်တပ်နယ်က စီစဉ်ဆောင်ရွက်ပေးသည့် တပ်မတော်ပိုင်မော်တော်ယာဉ် ၁၃ စီးဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ နေရပ်ပြန်ပြည်သူများအား ပြည်နယ်ပြင်ပရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် ဗန်းမော်တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပေးခဲ့ကာ ယခု ပို့ဆောင်ပေးသည့် ပြည်သူများမှာ လွယ်ဂျယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၁ ရက်ကြာ စောင့်ကြပ်ကြည့်ရှုထားပြီးဖြစ်ကြောင်း သိရသည်။                                    

(မိုးခါး)






အခြားဆက်စပ်သတင်းများ