နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပျက်ကျမှု ၂ ခုကြောင့် ပျံသန်းခွင့်ပိတ်ပင်ခဲ့သည့် 737 Max လေယာဉ်များကို တစ်ကျော့ပြန်ပျံသန်းခွင့်ပြု

နိုဝင်ဘာ  ၁၉ ၊ ဝါရှင်တန်


လူ ၃၄၆ ဦး သေဆုံးစေခဲ့သည့် လေယာဉ်ပျက်ကျမှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လမှစ၍ ပျံသန်းခွင့်ပိတ်ပင်ခဲ့သည့် ဘိုးအင်းကုမ္ပဏီထုတ် 737 Max လေယာဉ်များကို အမေရိကန်နိုင်ငံ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းရေးဆွဲသူများက တစ်ကျော့ပြန် ပျံသန်းခွင့် ပေးခဲ့သည်။ ယခုကဲ့သို့ ခွင့်ပြုချက်ရရှိခြင်းမှာ လေယာဉ်ပျက်ကျမှုများကြောင့် အကျပ်အတည်းကြုံတွေ့ခဲ့သည့် ဘိုးအင်းကုမ္ပဏီအတွက် အောင်ပွဲတစ်ရပ်ဖြစ်သည်။


COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် လေကြောင်းခရီးသွားလာမှုများ ကျဆင်းသွားခဲ့ရာ ယခုနှစ်အတွင်း ဘိုးအင်းကုမ္ပဏီ၏ ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုဆိုးရွားခဲ့သည်။ ဘိုးအင်းကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီးသည့် 737 Max လေယာဉ်များအနေဖြင့် တစ်ကျော့ပြန်ပြေးဆွဲမှုမလုပ်မီ လေယာဉ်ဒီဇိုင်းအပြောင်းအလဲလုပ်ပြီး အဆင့်မြှင့်တင်ရန် လိုအပ်သည်။


ယခုကဲ့သို့ တစ်ကျော့ပြန် ပျံသန်းခွင့်ပြုခဲ့သော်လည်း 737 Max လေယာဉ်များကို အချိန်တိုအတွင်း ပျံသန်းခွင့်ပေးမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့ (FAA)က ပြောသည်။ လေယာဉ်၏ ဆော့ဖ်ဝဲနှင့် လျှပ်စစ်ဆက်သွယ်မှုစနစ် (Wiring) များကို အပြောင်းအလဲလုပ်ရမည့်အပြင် လေယာဉ်မှူးများကိုလည်း မွမ်းမံသင်တန်းပို့ချရန် လိုအပ်သည်။


'' အလားတူလေယာဉ်ပျက်ကျမှု ထပ်မဖြစ်အောင် လူသားတွေလုပ်နိုင်စွမ်းရှိသမျှ အရာအားလုံး တိကျ သေချာအောင် လုပ်ခဲ့ပြီးပါပြီ'' ဟု FAA အကြီးအကဲ စတိဗ်ဒစ်ဆန်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ