နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောလိဝုဒ်မင်းသား ဂျော့ကလိုနေးက သူငယ်ချင်း ၁၄ ဦးကို တစ်ဦးလျှင် ဒေါ်လာတစ်သန်းစီ ပေးခဲ့

နိုဝင်ဘာ  ၁၉၊ ဝါရှင်တန်


ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဂျော့ကလိုနေးမှာ လူပျိုဘဝတွင် ယင်း၏အရင်းနှီးဆုံးမိတ်ဆွေ ၁၄ ဦးကို တစ်ဦးလျှင် ဒေါ်လာတစ်သန်းစီ ပေးအပ်ခဲ့ဖူးကြောင်း GQ မဂ္ဂဇင်းနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ပြောခဲ့သည်။ ယခုအခါတွင် မိသားစုကို ဦးစားပေးသူဖြစ်လာခဲ့သည့် ဂျော့ကလိုနေးမှာ ယင်း၏ဇနီးနှင့် သားသမီးများကိုသာ အချိန်ပေးလေ့ရှိသော်လည်း အိမ်ထောင်မကျမီ အသုံးအစွဲကြီးပြီး အပေးအကမ်း ရက်ရောခဲ့သည်။


၂၀၁၃ ခုနှစ်က ဂျော့ကလိုနေးနှင့် ဆန်ထရာဘူးလော့တို့ ပါဝင်သရုပ်ဆောင်ခဲ့သည့် Gravity ဇာတ်ကား အောင်မြင်ခဲ့ခြင်းကြောင့် ဂျော့ကလိုနေး၏ ငွေကြေးချမ်းသာကြွယ်ဝမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ Gravity ဇာတ်ကားကို ရုံမတင်မီ အောင်မြင်မှုရလိမ့်မည်ဟု မထင်မှတ်ခဲ့ခြင်းကြောင့် ဂျော့ကလိုနေးကို လစာအနေဖြင့် ဇာတ်ကားမှ ရရှိလာသည့် အကျိုးအမြတ်ခွဲတမ်းကိုယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် Gravity အောင်မြင်ခဲ့ခြင်းကြောင့် ဂျော့ကလိုနေး၏ သရုပ်ဆောင်ခမှာလည်း အပြတ်ရသည့်ပမာဏထက် ပိုများခဲ့သည်။


'' သူငယ်ချင်းတွေမရှိရင် ကျွန်တော်လည်း ဒီလိုဖြစ်လာစရာ မရှိပါဘူး။ ကျွန်တော်တို့က အရမ်းရင်းနှီးတယ်။ တကယ်လို့ ငါ ကားတိုက်ခံရရင်လည်း သေတမ်းစာထဲမှာ သူငယ်ချင်းတွေကိုပဲ ပေးခဲ့ရမှာပါ။ အဲဒီတော့ ဘာလို့ ကားတိုက်ခံရတဲ့အချိန်အထိ စောင့်နေရမလဲလို့ တွေးမိခဲ့ပါတယ်''ဟု ဂျော့ကလိုနေးက ပြောသည်။


ဂျော့ကလိုနေးမှာ ယင်း၏ဗန်ကားအဟောင်းကို  လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဂိုဒေါင်သို့ မောင်းသွားပြီး ငွေသား အမေရိကန်ဒေါ်လာ ၁၄ သန်းကို လက်ဆွဲအိတ်ထဲထည့်ကာ အိမ်သို့ ယူလာခဲ့သည်။ ထို့နောက် ယင်း၏သူငယ်ချင်းများကိုခေါ်ပြီး တစ်ယောက်လျှင် ဒေါ်လာတစ်သန်းစီ ပေးအပ်ခဲ့ခြင်းဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ