နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer ကာကွယ်ဆေးက အသက်အရွယ်မရွေး၊ မျိုးနွယ်စုမရွေး အာနိသင်ထက်မြက်ကြောင်း တွေ့ရှိ

နိုဝင်ဘာ  ၁၉၊ ဝါရှင်တန်


Pfizer ဆေးဝါးကုမ္ပဏီနှင့် BioNTech ဇီဝနည်းပညာကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ခဲ့သည့် COVID-19 ကာကွယ်ဆေးမှာ အသက် ၆၅ နှစ်အထက် ရှိသူများကို ၉၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အသက်အရွယ်မရွေး၊ မျိုးနွယ်စုမရွေး အာနိသင်ထက်မြက်သည်ဆိုသည့် တွေ့ရှိချက်များ ထပ်မံထွက်ပေါ်လာခဲ့သည်။ ထို့ကြောင်း ယင်းတို့၏ကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် အရေးပေါ်အသုံးပြုခွင့်ပေးရန် လျှောက်ထားမည်ဟု Pfizer နှင့် BioNTech ကုမ္ပဏီများက ပြောသည်။


ကမ္ဘာတစ်ဝန်းရှိ လူ ၄၁၀၀၀ ကျော်ကို ကာကွယ်ဆေး ၂ ကြိမ် စမ်းသပ်ထိုးနှံခဲ့သည့် ရလဒ်များကို အခြေခံကာ ယခုကဲ့သို့ အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် ကနဦးအချက်အလက်များအရ Pfizer ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ဟု ဖော်ပြသည်။


နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ COVID-19 ရောဂါပိုးရှိသည့် စေတနာ့ဝန်ထမ်း ၁၇၀ ကို စမ်းသပ်ထိုးနှံခဲ့ရာ ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ဟု တွေ့ရှိခဲ့သည်။ စေတနာ့ဝန်ထမ်းများအနက် ၈ ဦးကိုသာ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ယင်းတို့အားလုံး ကောင်းကောင်းကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရသည်။ အခြားသူများကို အာနိသင်မဲ့ကာကွယ်ဆေးထိုးပြီး စမ်းသပ် ခဲ့ခြင်းဖြစ်သည်။


COVID-19 ရောဂါ ကူးစက်နိုင်ခြေအများဆုံးဖြစ်ပြီး ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများတွင်လည်း  လူငယ်များနည်းတူ အာနိသင်ထက်မြက်ကြောင်း တွေ့ရှိခဲ့သည်။ စမ်းသပ်ထိုးနှံမှုရလဒ် အပြည့်အဝ ထုတ်ပြန် ခြင်းမရှိသေးသော်လည်း ဘေးဥပဒ်မရှိဟု Pfizer နှင့် BioNTech ကုမ္ပဏီများက ပြောသည်။        


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ