နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံ ဆန္ဒပြပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်၍ အနည်းဆုံး လူ ၄၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ  ၁၈ ၊ ဘန်ကောက်


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၄၁ ဦး ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် လွှတ်တော်အမတ်များက အခြေခံဥပဒေပြင်ဆင်နိုင်ရေး အလားအလာများကို အချေအတင်ဆွေးနွေးနေစဉ် ဆန္ဒပြသူများက လွှတ်တော်သို့ ချီတက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။


ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို မီးခိုးဗုံးများ၊ သုတ်ဆေးအိတ်များဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က မီးသတ်ပိုက်၊ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် တုံ့ပြန်ခဲ့သည်။ လပေါင်းများစွာ ကြာမြင့်နေသည့် ထိုင်းနိုင်ငံ၏ ဆန္ဒပြပွဲများတွင် အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကတောင်းဆိုချက်တစ်ရပ် ဖြစ်သည်။


ထို့အပြင် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုခေါင်းဆောင်ဖြစ်သည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးမှ နုတ်ထွက်ပေးရေး၊ ထိုင်းဘုရင်၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ရေး စသည့်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။ သို့သော် လွှတ်တော်က ထိုင်းဘုရင်၏လုပ်ပိုင်ခွင့်အာဏာ တားဆီးကန့်သတ်ရေးအပါအဝင် ယင်းတို့၏တောင်းဆိုချက် အများအပြား ပယ်ချလိုက်မည်ကို ဆန္ဒပြသူအများအပြားက စိုးရိမ်ပူပန်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ