နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ကစားသမားအချို့ရဲ့ A ပုံစံလက်နဲ့ အောင်ပွဲခံရတဲ့အကြောင်း မက်ဒီဆင်ဖွင့်ဟ

နိုဝင်ဘာ ၁၈


ယခုရာသီမှာ ပရီးမီးယားလိဂ်က ကစားသမားအချို့ဟာ ဂိုးသွင်းယူပြီးတိုင်း လက်ချောင်းတွေနဲ့ အင်္ဂလိပ်အက္ခရာ A ပုံစံနဲ့ အောင်ပွဲခံလေ့ရှိတာကို မြင်တွေ့နေရပေမယ့် ဘယ်လိုအဓိပ္ပါယ်နဲ့အောင်ပွဲခံ ပုံစံလဲဆိုတာတော့ သိသူရှားပါတယ်။ တချို့ကလဲ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖော်ကြပါတယ်။ တကယ် တမ်းမှာတော့ အားကစားသမားအချို့ရဲ့ Whatsapp လျှို့ဝှက်ဂရုအမည်ကို ရည်ညွှန်းတာဖြစ်တယ်လို့ အဲဒီဂရုမှာပါဝင်တဲ့ လက်စတာကစားသမားဂျိမ်းမက်ဒီဆင်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ မက်ဒီဆင်နဲ့ အတူလက်စတာကစားသမားဟောင်း ဘန်ချီဝဲလ်၊ ဗီလာရဲ့ ဂျက်ဂရီယာလစ်ရှ်၊ ရို့စ်ဘာခလေနဲ့ ဂျွန်မက်ဂင်းတို့ပါဝင်တဲ့ Whatsapp လျှို့ဝှက်ဂရု Avenger ကို ရည်ညွှန်းတာဖြစ်တယ်ဆိုတာကို မက်ဒီဆင်က ဖွင့်ပြောခဲ့တာပါ။ အီးအေစပေါ့စ်က ဒေးဗစ်မေလာနဲ့ အင်တာဗျူးမှာ မက်ဒီဆင်က “ကျွန်တော်တို့မှာ Avenger လို့ခေါ်တဲ့ ဂရုလေးတစ်ခုရှိပါတယ်။ အဲဒီမှာ ဂျက်ကလီယာလစ်ရှ်၊ ရို့စ်ဘာခလေ၊ ဒယ်လီအလီ၊ ဂျွန်မက်ဂင်းလို ဘောလုံးသမားတွေပါဝင်ပါတယ်”လို့ ပြောပါတယ်။ တစ်ချို့သတင်းဌာနတွေက ဒီအောင်ပွဲခံပုံဟာ ကွယ်လွန်သွားတဲ့ ချယ်ဆီးပရိသတ်အင်ဒရူးဝူဒီဝုဒ်ကို ဂုဏ်ပြုတာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ခုမက်ဒီဆင်ရှင်းပြတော့မှသာ A ပြရုပ်ကို သေချာသိကြတာပါ။ ဂျိမ်းမက်ဒီဆင်ရဲ့ လက်စတာဟာလက်ရှိချိန်မှာ ဇယားထိပ်ရောက်နေပါတယ်။ မက်ဒီဆင်ဟာ ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၃ ဂိုးသွင်းထားပါတယ်။ မက်ဒီဆင်ရဲ့ စကော့တလန်ကတော့ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ