နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံရဲ့ သက်တမ်းထက်အသက်ပိုကြီးနေတဲ့ တိုက်စစ်မှူးကြီး ဂိုရမ်ပန်ဒက်စ်

နိုဝင်ဘာ ၁၈


မြောက်မက်ဆီဒိုးနီးယားကစားသမား ဂိုရမ်ပန်ဒက်ဗ်ဟာ ၂၀၀၉−၂၀၁၀ ရာသီက နည်းပြမော်ရင်ဟိုနဲ့ အတူ အင်တာမီလန်မှာ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ယခုဆို အသက် ၃၇ နှစ်ရှိနေပါပြီ။ ယူရို ၂၀၂၁ ခုနှစ် ခြေစစ်ပွဲအတွက် မြောက်မက်ဆီဒိုးနီးယားအသင်းဟာ ရှုံးထွက်ပွဲစဉ်မှာ ဂျော်ဂျီယာကို ဂိုရမ်ပန်ဒက်စ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့နိုင်ခဲ့တာကြောင့် ယူရို ၂၀၂၁ ခြေစစ်ပွဲကိုအောင်မြင်ခဲ့ပါပြီ။ ဒီအနိုင်ဂိုးကို ပွဲချိန် ၅၅ မိနစ်မှာ အူးဒီးနီးစ်တိုက်စစ်မှူးတိုရော့ဗ်စကီးမျှောထိုးပေးတဲ့ဘောလုံးကို ပန်ဒက်ဗ်က ဂိုးသမားလက်မရောက်ခင် ဘယ်ခြေနဲ့အပိုင်တို့ပြီး အဆုံးသတ် ပေးခဲ့တဲ့ အနိုင်ဂိုးပါ။ ပန်ဒက်ဗ်ဟာ ၁၉ နှစ်တာကာလအတွင်း နိုင်ငံအသင်းကို အဓိကပြိုင်ပွဲကြီးဆီ အရောက်ပို့ နိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲ ၁၁၄ ပွဲ မှာ ၃၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပန်ဒက်ဗ်ရဲ့ ထူးခြားချက်ကတော့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံထက် အသက် ၁၁ နှစ်ပိုကြီးနေတာပဲဖြစ်ပါတယ်။ မက်ဆီဒိုးနီးယားဟာ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားကနေ လွတ်လပ်တဲ့ကိုယ်ပိုင်နယ်မြေဖြစ်ခဲ့ပေမယ့် ၁၉၉၄ ခုနှစ်ရောက်မှသာ ဖီဖာနဲ့ယူအီးအက်အေတို့က မြောက်မက်ဆီဒိုးနီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ကြပါတယ်။ ခြေစစ်ပွဲ အောင်မြင်ပြီးမှာတော့ မက်ဆီဒိုးနီးယားသားတွေဟာ မြို့တော်စကော့ပီရေ့ချ်အပါအဝင် တစ်နိုင်ငံလုံးက လမ်းတွေပေါ်မှာ လူတွေကားတွေပြည့်နေအောင် ဂုဏ်ယူဝမ်းမြောက်စွာအောင်ပွဲခံခဲ့ကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ