နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းက အေစီမီလန်ကွင်းလယ်ကစားသမား ဘန်နာဆာကို ခေါ်ယူရန်ပြင်ဆင်

နိုဝင်ဘာ ၁၈


မန်စီးတီးအသင်းက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်း ကွင်းလယ် ကစားသမားဘန်နာဆာကို စာချုပ်လျော်ကြေးပေး၍ ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဘန်နာဆာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက အမ်ပိုလီအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိဘောလုံးရာသီတွင် အသင်းကွင်းလယ်ပိုင်း၌ ခြေစွမ်းပြသနေ သည့်အတွက် မန်စီးတီးအသင်းက စာချုပ်လျော်ကြေးပေး၍ ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ဘန်နာဆာကို မန်စီးတီးအသင်းအပြင် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနှင့်မန်ယူအသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေသောကြောင့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ကွင်းလယ်ပိုင်း၌ ဖာနန်ဒင်ဟိုအနေဖြင့် အသက်အရွယ်အရ အကျပိုင်းရောက်နေ သည့်အတွက် ယင်း၏နေရာတွင် ဘန်နာဆာနှင့် အစားထိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ