နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှနဲ့ ကိုးရီးယားစတား ဆွန်ဟောင်မင်က စပါးအသင်းအတွက် ဂုဏ်ယူစရာဆုတစ်ဆုရယူပေးခဲ့

နိုဝင်ဘာ ၁၇


အောက်တိုဘာလအတွင်း စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၄ ဂိုးရရှိခဲ့တဲ့ ကိုးရီးယားကပ္ပတိန် ဆွန်ဟောင်မင်ဟာ ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်က ၆−၁ ဂိုးရလဒ်နဲ့ သမိုင်းဝင်အနိုင်ပွဲမှာလည်း ဆွန်က ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆွန်ဟောင်မင်ဟာ အသင်းဖော် ဟာရီကိန်း၊ ဗီလာရဲ့ ဂျက်ကရီယာလစ်ချ်၊ ချယ်ဆီးနောက်ခံလူ သီယာဂိုဆေးဗား စတဲ့ ကစားသမားတွေကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် အောက်တိုဘာလရဲ့ အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ စပါးအသင်းအနေနဲ့ ၂၅ လကျော် စပါးကစားသမားတွေ မယူပေးနိုင်တဲ့ တစ်လတာအကောင်းဆုံးဆုကို ဆွန်ကရယူပေးခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်စာရင်းထဲမှာလဲ  ထိပ်ဆုံးက သွင်းဂိုး ၈ ဂိုးနဲ့ ဦးဆောင်နေသူ ၄ ဦးစာရင်းမှာလည်း ဆွန်ဟောင်မင် ပါဝင်လျက်ရှိပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆွန်ဟာနည်းပြပိုချက်တီနိုလက်ထက်ကလည်း စပါးအတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၇ ခုနှစ်တွေမှာ တစ်ကြိမ်စီရယူပေးခဲ့သူဖြစ်ပါတယ်။ စပါးအတွက် ဒီဆုကို လူးကတ်စ်မိုရာက ၂၀၁၈ ခုနှစ် သြဂုတ်လမှာ နောက်ဆုံးအကြိမ်ရယူပေးခဲ့တာပဲဖြစ်ပါတယ်။ ဆွန်က ၂၅ လ ကျော်ကြာမှ တစ်ကျော့ပြန်ဒီဆုကို ရယူပေးနိုင်တာပါ။ ဆွန်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဆွန်မှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးပြီး လူတွေစိုးရိမ်နေကြသလိုမျိုး ကျွန်တော်တို့ သူ့ကိုဆုံးရှုံးရတော့မဲ့ဆဲဆဲ ဖြစ်နေတာမျိုးလဲ မဟုတ်ပါဘူး။ ဆွန်က ဒီနေရာကို ချစ်မြတ်နိုးတယ်ဆိုတာထက်ကို ပိုပါတယ်။ သူ့အနာဂတ်မှာ ဒီကလပ်အတွက် အချိန်တွေအကြာကြီး ကစားပေးသွားဖို့ ဆုံးဖြတ်ထား၊ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ