နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒါဘီအသင်းကစားသမားဘဝကနေ ယာယီနည်းပြဖြစ်လာတဲ့ ဝိန်းရွန်းနီ

နိုဝင်ဘာ ၁၇


ဝိန်းရွန်းနီဟာ သူ့ရဲ့ပထမဆုံးစီမံခန့်ခွဲမှုခြေလှမ်းတွေစတင်နိုင်ဖို့ ဒါဘီအသင်းရဲ့ ကြားဖြတ်နည်းပြအဖြစ် တာဝန်ယူဖို့ အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပါပြီ။ ရွန်းနီဟာ ဒါဘီအသင်းမှာ ကစားသမားအဖြစ် ပါဝင်ကစားနေခဲ့တာပါ။  ဒါဘီအသင်းရဲ့ လက် ရှိ နည်းပြဖြစ်သူ ကိုကူး ထုတ်ပယ်ခံခဲ့ရတာကြောင့် အသင်းအနေ နဲ့ ဝိန်းရွန်းနီကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တာပါ။ ဒါကြောင့် ဝိန်းရွန်းနီဟာ လာမယ့်စနေနေ့မှာကစားမယ့် ဘရစ္စတိုးလ်အသင်းနဲ့ပွဲစဉ်ကစပြီး ဒါဘီအသင်းရဲ့နည်းပြအဖြစ်နဲ့ ပါဝင်လာမှာပါ။ လက်ရှိအချိန်မှာ ဒါဘီ အသင်းရဲ့ရလဒ်တွေက ဆိုးရွားနေပြီး အမှတ်ပေးဇယားအောက်ခြေမှာ ရောက်နေတာကြောင့် ယာယီနည်းပြ ရွန်းနီတစ်ယောက်အသင်းကို ဆွဲတင်ပေးဖို့ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ ရွန်းနီဟာ ယာယီနည်းပြဆိုပေမယ့် အသင်းကလိုချင်တဲ့အချက်အလက်တွေအရ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ တော့ အစီအစဉ်မရှိဘူးလို့ ထုတ်ပြန်ပေးထားပါတယ်။ ရွန်းနီအနေနဲ့ လောလောဆယ်တော့ နည်းပြအတွေ့ အကြုံတွေရမှာဖြစ်တာကြောင့် နည်းပြလောကခြေလှမ်းအတွက် အကောင်းဆုံးစတင်ခြင်းလို့ဆိုရမှာပါ။ နည်းပြကိုကူးထွက်ခွာသွားတာနဲ့ သူ့ရဲ့လက်ထောက်နည်းပြအဖွဲ့လည်း ထွက်ခွာသွားတာကြောင့် ရွန်းနီတစ်ယောက် လက်ထောက်နည်းပြအဖြစ် ဘယ်သူတွေကို ခန့်အပ်ခေါ်ယူလက်တွဲသွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ