နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာစတာဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒက်စတင်းဂျွန်ဆင် ချန်ပီယံဆုဆွတ်ခူး

နိုဝင်ဘာ ၁၇


အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် မာစတာဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ နေရာ၌ ရပ်တည် နေသည့် ဒက်စတင်းဂျွန်ဆင်က ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဒက်စတင်းဂျွန်ဆင်သည် သတ်မှတ်ရိုက်ချက်ထက် အချက် ၂၀ လျှော့ရိုက်ကာ ချန်ပီယံဆု ကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ဩစတြေးလျဂေါက်သီးရိုက်ကစားသမား စမစ်က သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက် လျှော့ရိုက်ကာ အမှတ်ပေးဇယား ဒုတိယနေရာတွင်ရပ်တည်ခဲ့သည်။

ဒက်စတင်းဂျွန်ဆင်အနေဖြင့် အဆိုပါပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် အချက် ၂၀ လျှော့ရိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲသမိုင်းတွင် သတ်မှတ်ရိုက်ချက်ထက် အများဆုံးလျှော့ရိုက်နိုင် ခဲ့သည့် မှတ်တမ်းဝင်ခဲ့သည်။

“ကျွန်တော် ကလေးဘဝကတည်းက မက်ခဲ့ရတဲ့အိပ်မက် တကယ်ဖြစ်လာခဲ့ပါပြီ။ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားဘဝကို ရောက်လာတော့လဲ မာစတာချန်ပီယံဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ပါ တယ်။ ကျွန်တော့်ကြိုးစားမှုတွေ တကယ်ဖြစ်လာခဲ့ပါတယ်”ဟု ဒက်စတင်းဂျွန်ဆင်က ပြောကြားခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ