နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာရရှိမှုတွေ မရပ်တန့်သေးတဲ့ လီဗာပူးရဲ့နောက်ထပ်ဒဏ်ရာရ ကစားသမား ဟန်ဒါဆန်

နိုဝင်ဘာ ၁၇


လီဗာပူးတို့ဟာ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကြီးကိုကာကွယ်ဖို့ ဒီရာသီမှာ အကောင်းဆုံးစုဖွဲ့မှုနဲ့အတူ ပရီးမီးယားလိဂ်ကို စတင်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ချန်ပီယံဘွဲ့ကို အကောင်းဆုံးဖြစ်အောင် ကာကွယ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပြန်မစတင်ခင်အချိန်မှာ လက်ရှိအသင်းရဲ့ အနေအထားက စိတ်မချမ်းမြေ့စရာပါ။ ပထမဆုံးနောက်တန်းခံစစ်မှူးကြီး ဗန်ဒိုက်ဒဏ်ရာကြောင့် ကာလရှည်နားရတယ်။ နောက် ဂိုးမက်စ်၊ အာနိုးလ်၊ ဖာဘင်ဟိုတို့ ဒဏ်ရာအသီးသီးဆက်တိုက်ရရှိ ခဲ့ကြပါတယ်။ နေးရှင်းလိဂ်သွားရောက်ကစားနေတဲ့ တိုက်စစ်မှူးဆာလက်ကလည်း အီဂျစ်မှာ ကိုဗစ်ပိုးကူးစက် ခံနေရပြန်ပါတယ်။ ယခုလောလောလတ်လတ်ပဲ လီဗာပူးအသင်းခေါင်းဆောင် အင်္ဂလန်လက်ရွေးစင် ဟန်ဒါဆန်တစ်ယောက်နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ကစားတဲ့ပွဲမှာ ကြွက်သားဒဏ်ရာတစ်ခုရရှိခဲ့ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောဆိုသွားပါတယ်။ ဟန်ဒါဆန်ကို ဒုတိယပိုင်းမှာ ဟယ်ရီဝင့်ခ်နဲ့ လူစားလဲခဲ့ရပါတယ်။ အင်္ဂလန်ဟာ ၂−၀ နဲ့ ဘယ်လ်ဂျီယံကို ရှုံးနေတာကြောင့် နည်းစနစ်ပြောင်းဖို့ လူစားလဲတာလားလို့ မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။ ဆောက်ဂိတ်က ဟန်ဒါဆန်ကြွက်သား ဒဏ်ရာရလို့ အနားပေးခဲ့တာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။ ဆောက်ဂိတ်က “ဟန်ဒါဆန်ဟာ ပထမပိုင်းပြီးတဲ့အချိန် ကြွက်သားတွေ တင်းနေတာကြောင့် ပွဲဆက်မကစားနိုင်တော့ဘူးလို့ ခံစားရပါတယ်။ ခုချိန်မှာတော့ ကျွန်တော်ဆေးပညာအရ မစစ်ဆေးနိုင်ခဲ့ပါဘူး အင်္ဂလန်ပြန်ရောက်ရင် စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးအတွက်တော့ အသင်းရဲ့အဓိက ကစားသမားတွေတစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရလို့ကို မဆုံးနိုင်သေးပါဘူး။ အရေးကြီးဆုံးကတော့ ကလော့အနေနဲ့ ဗန်ဒိုက်ရဲ့နေရာကို ဦးစားပေး ဖြည့်တင်းသွားရမှာပဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ