နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေးရှင်းလိဂ်နောက်ဆုံးအဆင့်ပွဲစဉ်တွေနဲ့ ဝေးကွာသွားရတဲ့ အင်္ဂလန်

နိုဝင်ဘာ ၁၇


ဘယ်လ်ဂျီယံအသင်းက ကမ္ဘာ့ဖလားမှာ အနိုင်ယူခဲ့သလိုမျိုး နေးရှင်းလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကို ၂−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာဘယ်လ်ဂျီယံမြေမှာ အစောပိုင်းသွင်းယူခံရတဲ့ ဂိုးတွေနဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုတွင်း တတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံတို့ကတော့ အင်္ဂလန်မြေမှာ ရှုံးခဲ့တဲ့အရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်က ရက်ရှ်ဖို့ဒ်မပါဝင်နိုင်တာ ကြောင့် ဟယ်ရီကိန်းကို အထောင်နေရာမှာထားပြီး ဂရီလစ်ရှိ၊ ဆန်ချို၊ ကယ်လ်ဗတ်လီဝင်တို့ကို အရန်အဖြစ်သာ  အသုံးပြုခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းအတွက် တိုင်လီမန်းနဲ့ ဒရိုင်းမာတင်စ်တို့က ၁၀ မိနစ်နဲ့ ၂၄ မိနစ်တို့မှာ ဂိုးတွေအသီးသီးသွင်းယူပြီး အင်္ဂလန်ကိုအနိုင်ယူသွားကြတာပါ။ အင်္ဂလန်ဟာ သရေရလဒ်ရရင်တောင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိတဲ့အသင်းပါ။ ဒါပေမယ့် ခုတော့ ဘယ်လ်ဂျီယံတို့နောက်တစ်ဆင့်ကို ရောက်ရှိသွားပါပြီ။ အုပ်စုတွင်းက ဒိန်းမတ်က အိုက်စလန်ကို အဲရစ်ဆန်ရဲ့ပင်နယ်တီသွင်းဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ တာကြောင့် အုပ်စုရဲ့ ဒုတိယနေရာကို ရယူခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ အသင်းကြီး တွေနဲ့တွေ့ဆုံတိုင်း အရှုံးရလဒ်ကိုသာ အစဉ်အလာမပျက် ပိုင်ဆိုင်နေတဲ့အသင်းပဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ