နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါ သက်သာပျောက်ကင်းသူတစ်သန်းကျော် ရှိလာ

မေ ၁၊ ဂျီနီဗာ

ကမ္ဘာတဝန်းတွင် COVID-19 ရောဂါသက်သာပျောက်ကင်းသူ တစ်သန်းကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူ သုံးသန်းကျော်ရှိနေပြီး သေဆုံးသူ ၂၃၄၁၁၂ ဦး ရှိသည်။ ရောဂါကူးစက်ခံရသူနှင့် သက်သာပျောက်ကင်းသူကြား အရေအတွက် ကွာဟသော်လည်း COVID-19 ရောဂါမှာ သေဆုံးမှုနှုန်း နည်းပါးခြင်းကြောင့် ကူးစက်ခံရသူအများစု ပြန်လည်သက်သာလာမည်ဖြစ်သည်။ သို့သော် ကူးစက်ခံရ သူအချို့မှာ သက်သာပျောက်ကင်းရန် အချိန်ယူရမည်ဖြစ်သည်။

COVID-19 ရောဂါ၏ သေဆုံးသူနှုန်းမှာ တုပ်ကွေးရောဂါ( သေဆုံးသူ ဝ ဒသမ ၁ ရာခိုင်နှုန်း) နှင့် Sars ‌ရောဂါ (သေဆုံးသူ ၉ ဒသမ ၅ ရာခိုင်နှုန်း)ကြားတွင် ရှိနေသည်ဟု The Lancet ဆေးပညာဂျာနယ်က ဖော်ပြသည်။ အမေရိကန်၊ စပိန်၊ အီတလီ၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံ ၅ နိုင်ငံမှာ COVID-19 ရောဂါကို အပြင်းထန်ဆုံး ခံစားရသည့်နိုင်ငံများဖြစ်ပြီး အဆိုပါ ၅ နိုင်ငံတွင် သေဆုံးသူ ၁၆၀၀၀၀ ကျော် ရှိနေသည်။    
            
 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ