နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကတော့ နောက်တန်းပြဿနာက ရှေ့တန်းဘက်ကို ရွေ့လာ

နိုဝင်ဘာ  ၁၆


နည်းပြကလော့ရဲ့လီဗာပူးအသင်းဟာ နောက်တန်းခံစစ်မှူးတွေ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာ တွေရနေတာ ကနေ ယခုတော့ ရှေ့တန်းဘက်ကိုပါ ပြဿနာတွေကစလာပါပြီ။ လက်ရှိမှာကိုပဲ တိုက်စစ်မှူး ဆာလက်တစ်ယောက် အီဂျစ်အသင်းအတွက် နိုင်ငံကိုရောက်ရှိနေခဲ့ပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလက်ဟာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့တာကြောင့် အီဂျစ်လက်ရွေးစင်အသင်းမှာ မပါဝင်နိုင်သလို အင်္ဂလန်ကိုလည်း ပြန်မပို့နိုင်ခဲ့သေးပါ။ ဆာလက်ဟာ ပထမစစ်ဆေးမှု positive  ထွက်ခဲ့ပြီး နောက်တစ်ကြိမ်စစ်ဆေးရာမှာလည်း positive ဖြစ်နေတာကြောင့် သီးသန့်နေထိုင်မှုနဲ့အတူ ဆေးကုသမှုခံယူ ရမှာဖြစ်ပါတယ်။ ဆာလက်ဟာ အီဂျစ်မှာ ၂ ပတ်ခန့်နေရမှာဖြစ်လို့ လီဗာပူးရဲ့ လက်စတာနဲ့ပွဲတင်မကဘဲ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။ လီဗာပူးနဲ့ ဆာလက်အစောဆုံး ပြန်ပေါင်း နိုင်မယ့်ပွဲကတော့ ဘရိုက်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲပါပဲ။ ဒီပွဲတောင်မှ သူ့ရဲ့ ကျန်းမာရေး အပေါ် မူတည်နေပါသေးတယ်။ ဆာလက်ဟာ ပရီးမီးယားလိဂ် ၈ ပွဲပါဝင်ကစားထားပြီး သွင်း:ဂိုး ၁၀ ဂိုးထိ သွင်းထားနိုင်သူပါ။ 

အီဂျစ်အက်ဖ်အေက “ဆာလက်က စိတ်ဓာတ်ပိုင်းကို အမြင့်ဆုံးမှာထိန်းထားပါတယ်။ သူ့မှာ ကိုဗစ်ကူးစက် ခံထားရမှုလက္ခဏာလည်းမပြပါဘူး”လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ 

ဒီရာသီထဲမှာ လီဗာပူးက ကိုဗစ်ကူးစက်ခံခဲ့ဖူးတဲ့သူတွေကတော့ ကိုစတက်၊ ရှာကွီရီ၊ သီယာဂို၊ မာနေးတို့ပဲ ဖြစ်ပါတယ်။ ဆာလက်က ၅ ဦးမြောက်ပါ။ လီဗာပူးတို့ လက်စတာနဲ့ပွဲမှာ ဂျိုတာ၊ မာနေး၊ ဖာမင်နို တိုက်စစ်ကို ထုတ်သုံးရဖို့ အနေအထားမှာရှိနေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ