နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပရဲ့နိုင်ငံတကာပွဲအများဆုံး ဘောလုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရာမို့စ်

နိုဝင်ဘာ  ၁၆


ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့အသင်းခေါင်းဆောင်ခံစစ်မှူး ရာမို့စ်ဟာ UEFA Nation League ပြိုင်ပွဲ စပိန်အသင်းနဲ့ ဆွစ်ဇာလန်တို့ပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် ရာမို့စ်ရဲ့လက်ရွေးစင်ကစားသမား ဘဝ နိုင်ငံတကာပြိုင်ပွဲဝင် အရေအတွက်မှာ ၁၇၇ ပွဲအထိရှိလာပါတယ်။ စပိန်နဲ့ ဆွစ်ဇာလန်ပွဲကတော့ ၁−၁ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ရာမို့စ်ရဲ့ နိုင်ငံတကာပွဲအရေအတွက်က အီတလီဂန္ထဝင်ကစားသမားကြီး ဘူဖွန်ရဲ့ နိုင်ငံတကာပွဲ ၁၇၆ ပွဲကို ကျော်လွန်ခဲ့တာကြောင့် ဥရောပရဲ့နိုင်ငံတကာ ပွဲအများဆုံးကစားခဲ့သည့် အမျိုးသား ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာလဲ မက္ကဆီကိုက ကလောဒီ ယိုဆွာရက်ဇ်နဲ့ အတူ ပဉ္စမမြောက် နိုင်ငံတကာပွဲအများဆုံးကစားထားသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးလောကမှာ နိုင်ငံတကာပွဲအများဆုံး ၁၈၄ ပွဲအထိ စံချိန်တင်ပါဝင်ကစားထားတဲ့ အီဂျစ်ကွင်းလယ်လူ အာမက်ဟာဆန်ရဲ့စံချိန်ကို မီရန်အတွက်လည်း ၇ ပွဲသာ လိုပါတော့တယ်။

(SO)






အခြားဆက်စပ်သတင်းများ