နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်အသင်းက ဆဲလ်ဘတ်ကွင်းလယ်ကစားသမား ဒိုမီနစ်ကို ခေါ်ယူရန် ပြင်ဆင်

နိုဝင်ဘာ  ၁၆


ရီးရဲလ်မက်ဒရစ်အသင်းက ဆဲလ်ဘတ်အသင်း ကွင်းလယ်ကစားသမား ဒိုမီနစ်ကိုခေါ်ယူရန် ပြင်ဆင်နေ ကြောင်းသိရသည်။

အသက် ၂၀ အရွယ်ရှိ ဒိုမီနစ်သည် ဟန်ဂေရီအသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ရာတွင် အဓိက ပါဝင်ခဲ့ပြီးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က ယင်းကိုခေါ်ယူရန် ပြင်ဆင် နေခြင်းဖြစ်သည်။

ဒိုမီနစ်သည် ဟန်ဂေရီအသင်းတွင်သာမက ဆဲလ်ဘတ်အသင်းတွင်လည်း အကောင်းဆုံးခြေစွမ်းပြ ကစားနေသောကြောင့် မက်ဒရစ်အသင်းအပြင် အာဆင်နယ်၊ လိုက်ပ်ဇစ်နှင့် အေစီမီလန်အသင်းတို့ကလည်းခေါ်ယူရန် ပြင်ဆင်နေသည့်အတွက် ရီးရဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ဒိုမီနစ်သည် ဆဲလ်ဘတ်အသင်းမှ ဟာလန်းထွက်ခွာခဲ့ပြီးနောက် အသင်းတွင် အကောင်းဆုံးခြေစွမ်းပြသ နိုင်ခဲ့ကာ လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုး ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ