နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်တို့ လာမယ့်နွေရာသီမှာ PSG တိုက်စစ်မှူးကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေ

နိုဝင်ဘာ  ၁၆


PSG အသင်းရဲ့တိုက်စစ်မှူးလေး အသက် ၂၁ နှစ်သာရှိသေးတဲ့ အမ်ဘာပေကို လာလီဂါအသင်းကြီးဖြစ်တဲ့ ရီးရဲလ်တို့က လာမယ့်နွေရာသီမှာ ပေါင် ၁၆၁ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အမ်ဘာပေနဲ့ PSG စာချုပ်သက်တမ်းဟာ ၂၀၂၂ ဇွန် လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အမ်ဘာပေဟာ မိုနာကိုကနေ PSG ကို ပြောင်းရွှေ့လာခဲ့သူပါ။ PSG နဲ့အတူ ပွဲပေါင်း ၁၃၂ ပွဲ ကစားထားပြီး ၉၇ ဂိုး သွင်းကာ ၅၈ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ဒီရာသီမှာတော့ အသင်းအတွက် ၇ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးထားပါတယ်။ အမ်ဘာပေဟာ PSGအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ၃ ကြိမ်တိုင် ပယ်ချထားသူပါ။ ပြင်သစ်လက်ရွေးစင်အဖြစ်နဲ့ ကမ္ဘာ့ဖလားဆွတ်ခူးထားသူလဲ ဖြစ်ပါတယ်။ ရီးရဲလ်တို့က အသင်းပြန်လည် တည်ဆောက်ရေးမှာ အမ်ဘာပေကို အဓိကကစားသမားနေရာမှာ လျာထားတဲ့အသင်းပါ။ ရီးရဲလ်နဲ့အပြိုင် လီဗာပူးတို့ကလည်း အမ်ဘာပေကိုခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာတော့ အမ်ဘာပေတစ်ယောက် ကိုဗစ်ပိုးကူးစက်မှုကြောင့် ဆေးကုသမှုခံယူနေရပါ တယ်။

(SO)






အခြားဆက်စပ်သတင်းများ