နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းနဲ့အတူ ပွဲထွက်ခွင့်မရလို့ သူ့ရဲ့သမိုင်းမှတ်တမ်းမရေးထိုးနိုင်သေးတဲ့ ပီဂျာနစ်

နိုဝင်ဘာ  ၁၆


ဘောလုံးအသင်းတစ်သင်းရဲ့ ကစားသမားတိုင်းဟာ အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့ကို မျှော်လင့်တောင့်တ နေသူ၊ ကြိုးစား အားထုတ်နေသူတွေပါ။ ပွဲထွက်ခွင့်မရတဲ့အသင်းနဲ့အတူ ပျော်ရွှင်စွာ မနေနိုင်ကြပါဘူး။ ဒါကြောင့်လဲ အပြိုင်အဆိုင်ကြိုးစားကြတာ ပါ။ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်မရလို့ မပျော်မရွှင်ဖြစ်နေသူက မီယာလန်ပီဂျာနစ်ပါပဲ။ သူဟာ ဂျူဗင်ကနေပြောင်းမလာခင်ကတည်း ဘာစီမှာ ကစားဖို့ခက်ခဲမယ်ဆိုတာ သူ သိထားပြီးသားပါ။ တကယ်တော့ ပီဂျာနစ်ဟာ ကမ္ဘာ့အဆင့်မီ ကွင်းလယ်ကစားသမားပါ။ သူကစားခဲ့တဲ့ အသင်းတိုင်းမှာ စွမ်းရည်ကောင်းတွေပြသနိုင်ခဲ့သူပါ။ ကိုးမန်းကတော့ ပီဂျာနစ်ဟာ သူ့ရဲ့အစီအစဉ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်နေသူ၊ အရေးကြီးတဲ့ကစားသမားတစ်ဦးလို့ ပြောခဲ့ပါတယ်။ ပီဂျာနစ်ဟာ ကိုဗစ် positive ဖြစ်ခဲ့တာကြောင့်လည်း ကစားခွင့်တွေနောက်ကျခဲ့ရပါတယ်။ ပီဂျာနစ်ဟာ ဒီရာသီမှာ ဘာစီအသင်းနဲ့အတူ မိနစ် ၃၀၃ မိနစ်သာ ပါဝင်ကစားရသူပါ။ ဘာစီရဲ့ပထမဆုံး ၁၀ ပွဲမှာ ၃ ပွဲသာကစားခွင့်ရခဲ့ပါတယ်။ 

ပီဂျာနစ်က “ကျွန်တော် စိတ်မပျက်ပါဘူး။ စိတ်တိုင်းကျလည်း မဖြစ်သေးပါဘူး။ ဘာစီမှာ ဒီလိုရှိနေရုံနဲ့ မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော် ဘာစီမှာ ကိုယ်ပိုင်သမိုင်းမှတ်တမ်းတစ်ခုရေးထိုးချင်ပါတယ်”လို့ ပြောဆို ခဲ့ပါတယ်။ 

ပီဂျာနစ်အနေနဲ့ ဘာစီမှာပဲဆက်နေပြီး သမိုင်းမှတ်တမ်းသစ်ရေးထိုးဖို့စောင့်နေမလား၊ အသင်းသစ်တွေ မှာပဲ သူ့သမိုင်းသစ်ကို ရေးထိုးသွာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

(SO)






အခြားဆက်စပ်သတင်းများ