နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားစရာမရှိ၍ ဒန်အိုးထဲသို့ ကျောက်ခဲများ ထည့်ချက်ခဲ့သည့် ကင်ညာနိုင်ငံသူ မုဆိုးမကို ထောက်ပံ့လှူဒါန်း

မေ ၁၊ နိုင်ရိုဘီ

ကလေးရှစ်ယောက် မျှော်လင့်ချက်မမဲ့စေရန် ကျောက်တုံးများကို ဒန်အိုးထဲထည့်ပြီး အစားအစာချက်ပြုတ်နေသကဲ့သို့ ဟန်ဆောင်ခဲ့သည့် ကင်ညာနိုင်ငံသူ မုဆိုးမအတွက် ကင်ညာနိုင်ငံသားများက ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည်။ မွမ်ဘာဆာမြို့တွင် နေထိုင်သည့် ပီနီနာမှာ ရပ်ကွက်ထဲတွင် အဝတ်လျှော်ပြီး အသက်မွေးဝမ်းကျောင်းသူဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူစိမ်းများနှင့် ဆက်စပ်မှုမလုပ်ကြရန် တားမြစ်ထားခြင်းသည့်အတွက် အဝတ်လျှော်ပြီး ပိုက်ဆံရှာနိုင်ခြင်းမရှိပေ။ ကလေးငယ်များက အစားအစာ ကျက်မည့်အချိန်ကိုစောင့်ရင်း အိပ်ပျော်သွားမည်ဟု ယူဆသည့် ပီနီနာက ဒန်အိုးထဲသို့ ကျောက်တုံးများထည့်ကာ ချက်ပြုတ်နေသည့်ပုံစံ ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကို တွေ့မြင်သွားသည့် အိမ်နီးချင်း မိုမန်ယီက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ကင်ညာနိုင်ငံ၏ NTV က အင်တာဗျူးလုပ်ခဲ့ပြီးနောက် စေတနာရှင်များက ပီနီနာကို ဖုန်းထဲမှတစ်ဆင့်၊ သို့မဟုတ် မိုမန်ယီဖွင့်ပေးထားသည့် ဘဏ်အကောင့်မှတစ်ဆင့် ငွေကြေးများ လှူဒါန်းခဲ့သည်။ ပီနီနာမှာ စာရေးတတ်၊ ဖတ်တတ်သူမဟုတ်ပေ။ '' တစ်နိုင်ငံလုံးမှာ နေထိုင်သူတွေက သူတို့ဘယ်လိုကူညီပေးရမလဲလို့ ဖုန်းဆက်မေးကြတယ်။ ကင်ညာနိုင်ငံသားတွေ ဒီလောက် ချစ်တတ်ကြလိမ့်မယ်ဆိုတာ မယုံနိုင်အောင်ပါပဲ''ဟု ပီနီနာက ပြောသည်။    
                                      
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ