နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

နိုဝင်ဘာ ၁၆၊ ဟနွိုင်း


ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းမုန်တိုင်း ဗန်ကို (Vamco) တိုက်ခတ်မှုကြောင့် တစ်နာရီလေတိုက်နှုန်း ၅၆ မိုင်အထိ ရှိခဲ့ပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရခဲ့သည်။


ယခုရက်သတ္တပတ်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ဗန်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ပိတ်မိနေသူ ထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးသမားများက အရေးပေါ် ရှာဖွေလျက်ရှိသည်။ ပြီးခဲ့သည့်စနေနေ့က ဗီယက်နမ်နိုင်ငံရှိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူ ၆၅၀၀၀၀ ကို ကုန်းမြင့်ဒေသသို့ ရွှေ့ပြောင်းခိုင်းခဲ့ပြီး လေဆိပ်များ၊ ကမ်းခြေများကို ပိတ်ထားခဲ့သည်။


ပြီးခဲ့သည့်လက ရေကြီးရေလျှံမှုကြောင့် ဗီယက်နမ်နိုင်ငံတွင် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ချိန်က တိုင်ဖွန်းမုန်တိုင်းအဆင့် ရှိခဲ့ပြီး ဗီယက်နမ်သို့ ဦးတည်ချိန်တွင် ပြင်းအားကျဆင်းသွားခဲ့သော်လည်း အပျက်အစီး ဆိုးဆိုးရွားရွား ဖြစ်ပွားစေခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဗန်ကိုမုန်တိုင်းကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို အိမ်ခေါင်မိုးများပေါ်မှ ကယ်တင်ခဲ့ရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ