နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံ ၁၅ နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်း

နိုဝင်ဘာ   ၁၆


နိုင်ငံ ၁၅ နိုင်ငံမှာ ကမ္ဘာ့စီးပွားရေး၏ သုံးပုံ၊ တစ်ပုံနီးပါးရှိသည့် ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေး အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (RCEP)ဟု အမည် ပေးထားသည့်အဖွဲ့ကို အာဆီယံနိုင်ငံ (၁၀) နိုင်ငံနှင့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


အဆိုပါသဘောတူစာချုပ်မှာ အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု နောက်တစ်ဆင့် တိုးချဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများ ရှိနေသည်။
RCEP စာချုပ်သစ် ချုပ်ဆိုရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက ညှိနှိုင်းဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က အာဆီယံအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွင် အပြီးသတ်သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 


RCEP သဘောတူစာချုပ်မှာ ယခင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စာချုပ်ဖြစ်သည့် TPP ကဲ့သို့ အခွန်စည်းကြပ်မှုများ သိသိသာသာ လျှော့ချပေးခြင်းမရှိပေ။ သို့သော် ပူးပေါင်းဆောင်ရွက်မှု  အတိုင်းအတာမှာ သိသာထင်ရှားသည်ဟု စီးပွားရေး သုတေသီများက သုံးသပ်ထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ