နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လော့စ်အိန်ဂျလိစ်မြို့တွင် နေထိုင်သူအားလုံးကို COVID-19 ရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးမည်

မေ ၁၊ ဝါရှင်တန်

လော့စ်အိန်ဂျလိစ်မြို့တွင် နေထိုင်သူအားလုံးကို ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ ရောဂါလက္ခဏာ မပြသည်ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးသွားမည်ဟု မြို့တော်ဝန်က ကြေညာခဲ့သည်။ လော့စ်အိန်ဂျလိစ်ကောင်တီတွင် တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြို့တော်ဝန် ဂါဆက်တီက ပြောခဲ့ခြင်းဖြစ်သည်။ ယခင်က ရောဂါစမ်းသပ်စစ်ဆေးသည့်ကိရိယာရှားပါးခြင်းကြောင့် မဖြစ်မနေ အလုပ်လုပ်ရ သူများနှင့် ရောဂါလက္ခဏာပြသူများကိုသာ ရောဂါစစ်ဆေးပေးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်က အောရိန့်ကောင်တီအတွင်းရှိ ကမ်းခြေအားလုံးကို ပိတ်ထားရန် ညွှန်ကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိကန်နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး ကမ်းခြေအချို့ကို ရက်သတ္တပတ်များစွာ ပိတ်ထားသော်လည်း ကမ်းခြေအချို့မှာ ဖွင့်လှစ်နေဆဲဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ကူးစက်ခံရသူများအနက် တစ်ဝက်နီးပါးမှာ လော့စ်အိန်ဂျလိစ်ကောင်တီတွင် နေထိုင်သူများဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၄၈၀၀၀ ကျော်ရှိနေပြီး လူ ၁၉၀၀ ကျော် သေဆုံးခဲ့သည်။ လော့စ်အိန်ဂျလိစ်မြို့မှာ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးသည့် ပထမဆုံးမြို့ကြီးဖြစ်ကြောင်း မြို့တော်ဝန် ဂါဆက်တီက တွစ်တာပေါ်တွင် ရေးသားထားသည်။    
                                                                                         
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ