နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံမီးလောင်ချိန်တွင် COVID-19 လူနာများကိုကယ်တင်ရန် ကြိုးပမ်းခဲ့သည့် သူရဲကောင်းဆရာဝန်ကို ကုသပေးရန် ဘယ်လ်ဂျီယံနိုင်ငံသို့ ပို့ဆောင်

နိုဝင်ဘာ ၁၆၊ ဘူခါရက်


ဆေးရုံမီးလောင်ချိန်တွင် COVID-19 လူနာများကို ကယ်တင်ရန် ကြိုးပမ်းစဉ် မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည့် ရိုမေးနီးယားဆရာဝန်ကို ကုသမှုများပြုလုပ်ရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ပြောင်မြောက်သည့် ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံလိုစိတ်ဖြင့် လူနာများကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည့် ဆရာဝန် ကာတာလင်ဒန်ဆီယူမှာ သူရဲကောင်းဖြစ်သည်ဟု ရိုမေးနီးယားဝန်ကြီးချုပ် လူဒိုဗစ်အော်ဘန်းက ပြောသည်။


ပြီးခဲ့သည့်စနေနေ့က ပီယာထရာနမ့်မြို့ ဆေးရုံမီးလောင်ကျွမ်းမှုတွင် လူနာ ၁၀ ဦး သေဆုံးခဲ့သည်။ ပြည်သူ့ဆေးရုံ၏ အထူးကြပ်မတ်ကုသခန်းတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဆေးပစ္စည်းကိရိယာတစ်ခု မီးလောင်ရာမှာတစ်ဆင့် အောက်ဆီဂျင်အိုး မီးလောင်ခဲ့ခြင်းဟု သတင်းအချို့တွင် ဖော်ပြသည်။


မီးလောင်မှုမဖြစ်ပွားမီ ဆေးရုံတတိယထပ်တွင်ရှိသည့် အထူးကြပ်မတ်ကုသဆောင်ကို တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ဒုတိယထပ်သို့ ရွှေ့ပြောင်းခဲ့ခြင်းဟု ဒေသဆိုင်ရာအရာရှိများက ပြောသည်။ မီးလောင်ကျွမ်းမှုတွင် အသက် ၆၇ နှစ်မှ ၈၆ နှစ်ကြား အရွယ်ရှိသည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အခြား COVID-19 လူနာ ၆ ဦးကို အီဆိုင်မြို့ရှိ အခြားဆေးရုံသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့ရသည်။ ဒေါက်တာကာတာလင်ဒန်ဆီယူမှာ ခန္ဓာကိုယ်၏ ၄၀ ရာခိုင်နှုန်းတွင် ဒုတိယနှင့် တတိယအဆင့် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံရှိ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ