နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုမေးနီးယားနိုင်ငံတွင် COVID-19 လူနာများကို ကုသပေးနေသည့်ဆေးရုံ မီးလောင်၍ အနည်းဆုံး လူ ၁၀ ဦး သေဆုံး

နိုဝင်ဘာ ၁၅၊ ဘူခါရက်

ရိုမေးနီးယားနိုင်ငံတွင် COVID-19 လူနာများကို ကုသပေးနေသည့် ဆေးရုံ မီးလောင်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း အရာရှိ များက ပြောသည်။ ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ပီယာထရာနမ့်မြို့ရှိ ပြည်သူ့ဆေးရုံ အထူးကြပ်မတ် ကုသဆောင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းချိန်တွင် လူနာများကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည့် ဆရာဝန်တစ်ဦးမှာ ပြင်းထန် သည့် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ဆိုသည်။ ယင်းကို စစ်တပ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ပြီး ဘူခါရက်မြို့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု ဒေသခံမီဒီယာ တစ်ခုက ဖော်ပြသည်။

ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ခြင်း ဖြစ်လိမ့်မည်ဟု ရိုမေးနီးယားကျန်းမာရေးဝန်ကြီး နီလူတာတာရူက ပြောသည်။ အဆိုပါဆေးရုံတွင် ကုသမှုခံယူနေသည့် အခြား COVID-19 လူနာများကို အီယာဆိုင်မြို့ရှိ အခြားဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း တာတာရူက ဆိုသည်။ လူနာ ၈ ဦးမှာ မီးစတင်လာင်ကျွမ်းသည့် ဒုတိယထပ် ဆေးရုံအခန်းတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်နှစ်ဦးမှာ ကပ်လျက်အခန်းရှိ လူနာများဖြစ်သည်။
လူနာအများအပြားမှာ အသက်ရှူစက် အသုံးပြုနေရသူများဖြစ်ပြီး အောက်ဆီဂျင်ကြောင့် အချိန်တိုအတွင်း မီးကူးစက်ပျံ့နှံ့သွားခြင်းဖြစ်ဖွယ်ရှိသည်။ ရိုမေးနီးယားနိုင်ငံတွင် COVID-19 လူနာ ၃၅၀၀၀၀ ကျော်ရှိနေပြီး လူ ၈၈၁၃ ယောက် သေဆုံးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ