နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံ ဓာတ်ခွဲခန်းမှစတင်ပျံ့နှံ့လာခြင်းဟု ဒေါ်နယ်ထရမ့် စွပ်စွဲ

မေ ၁၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံ ဓာတ်ခွဲခန်းမှ စတင်ပျံ့နှံ့လာသည်ဆိုသည့် သက်သေအထောက်အထား တွေ့ရသည်ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ သုံးသပ်ချက်ကို လက်မခံကြောင်း ပြသခဲ့ဖွယ်ရှိသည်။ အစောပိုင်းတွင် အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးက ဗိုင်းရပ်စ်စတင်ပျံ့နှံ့လာပုံကို စုံစမ်းစစ်ဆေးနေဆဲဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် COVID-19 ရောဂါမှာ လူသားက ဖန်တီးထားသည့် သို့မဟုတ် မျိုးဗီဇမြင့်တင်ထားသည့်ဗိုင်းရပ်စ် မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။

ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ် စတင်ပျံ့နှံ့လာသည်ဆိုသော အယူအဆကို တရုတ်နိုင်ငံက ပယ်ချခဲ့ပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ တုံ့ပြန်လှုပ်ရှားမှုကို ဝေဖန်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ပျံ့နှံ့ခဲ့သည့် COVID-19 ရောဂါကြောင့် ကမ္ဘာတဝန်းတွင် ကူးစက်ခံရသူ ၃ ဒသမ ၂ သန်းရှိနေပြီး လူ ၂၃၀၀၀၀ ကျော် သေဆုံးခဲ့သည်။

''ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဗိုင်းရပ်စ်သိပ္ပံဌာနကနေ စတင်ပေါ်ပေါက်လာတာလို့ စိတ်ချယုံကြည်စေတဲ့ သက်သေအထောက်အထားတစ်ခုခု ခင်ဗျား တွေ့ထားလား''ဟု သတင်းထောက်က မေးမြန်းရာတွင် ဒေါ်နယ်ထရမ့်က '' ဟုတ်ကဲ့။ အထောက်အထားရထားပါတယ်''ဟု ဖြေဆိုခဲ့သည်။ '' တရုတ်နိုင်ငံအတွက် လူထုဆက်ဆံရေးအေဂျင်စီတစ်ခုလို လုပ်ပေးနေတဲ့ WHO အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးရှက်သင့်တယ်လို့ ထင်ပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။          
                                                                                    
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ