နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြသူများကို ပစ်သတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို နိုင်ဂျီးရီးယား စစ်တပ် ငြင်းဆန်

နိုဝင်ဘာ ၁၅၊ အဘူဂျာ

ပြီးခဲ့သည့်အောက်တိုဘာလက လာဂို့စ်မြို့ စုဝေးပွဲတွင် လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်သတ်ခဲ့သည် ဆိုသော စွပ်စွဲချက်များကို နိုင်ဂျီးရီးယားစစ်တပ်က ငြင်းဆန်ခဲ့ပြီး နိုင်ဂျီးရီးယားစစ်သည်များက ဗလာကျည်များဖြင့်သာ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ နိုင်ဂျီးရီးယားစစ်တပ်၏ ဗိုလ်မှူးချုပ် အာမတ်တိုင်ဝိုက ယင်း၏ပြောကြားချက်ကို ဗီဒီယိုအထောက်အထားနှင့်တကွ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ တင်ပြခဲ့သည်။

လာဂို့စ်မြို့ရှိ လက်ကီဆင်ခြေဖုံးဒေသတွင် ရဲတပ်ဖွဲ့၏ ရက်စက်မှုများအပေါ် ဆန့်ကျင်ဆန္ဒပြနေသည့် ဆန္ဒပြနေသူများကို စစ်သည်များက ပစ်ခတ်ခဲ့ရာ လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ စစ်သည်များက လူများကို ပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်ဟု မျက်မြင်သက်သေများက ဘီဘီစီသတင်းဌာနသို့ ပြောသည်။ အောက်တိုဘာလ ၂၀ ရက်က လမ်းမကျယ်ကြီးတွင် ကားများ အသုံးမပြုနိုင်စေရန်အတွက် ဆန္ဒပြသူ ၁၀၀၀ နီးပါးက လက်ကီဘီးခွန်ကောက်ခံရေးဂိတ်တွင် စုဝေးခဲ့ကြသည်။ ထို့နောက်တွင် စစ်သည်များက ဆန္ဒပြပွဲကျင်းပသည့်နေရာကို အရံအတားများ ကာရံပြီးနောက် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ သို့သော် ယင်း၏ စစ်သည်များနှင့်ပတ်သက်၍ သတင်းမှားများ ပျံ့နှံ့နေကြောင်း၊ စစ်သည်များ၏ တစ်ခုတည်းသော ပြစ်မှုမှာ နိုင်ဂျီးရီးယားပြည်သူအားလုံးကို ကာကွယ်ပေးရန် တာဝန်ထမ်းဆောင်ခဲ့ခြင်းပင်ဖြစ်သည်ဟု အာမတ်တိုင်ဝိုက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ