နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြန်အလှန် တရားစွဲဆိုမှုတွေနဲ့ မပြီးဆုံးသေးတဲ့ နေမာနဲ့ ဘာစီတို့ရဲ့ ငွေကြေးပြဿနာ

နိုဝင်ဘာ  ၁၅

စပိန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက လက်ရှိ PSG အသင်းရဲ့တိုက်စစ်မှူး တစ်ဦးဖြစ်သူ၊ ယခင်က ဘာစီအသင်းတိုက်စစ်မှူးဟောင်း နေမာနဲ့ ဘာစီလိုနာတို့ဟာ အပြန်အလှန် တရားစွဲဆိုမှု တွေပြုလုပ်နေကြတယ်လို့ သတင်းမှာ ဖော်ပြလာပါတယ်။ တိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီကနေ PSG ထံ ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ၃ နှစ်ကျော်ကြာခဲ့ပေမယ့် ဘာစီနဲ့ နေမာတို့ရဲ့ ငွေကြေးပြဿနာက ယခုထိ ရှင်းလို့မပြီးသေးပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာပဲ ဘာစီက နေမာကိုပေးချေခဲ့တဲ့ ဆုကြေးတွေထဲမှာ ယူရို ၁၀ သန်း မှားယွင်းပေးချေမိတာကြောင့် ဘာစီမှ နေမာကို အဆိုပါငွေကြေးရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။တစ်ခါ နေမာရဲ့ရှေ့နေတွေကလည်း ဘာစီထံမှ ဆုကြေးငွေ ယူရို ၄၄ သန်း နေမာ ရရှိဖို့ ကျန်နေတာကို ဘာစီတို့က ငြင်းဆန်နေတာကြောင့် ကတ်တလန်တာဒေသရဲ့ အမြင့်ဆုံးတရားရုံးမှာ ဘာစီကို စွဲချက်တင်ထားပါတယ်။

တရားရုံးကလည်း စွဲချက်တင်မှုနှစ်ခုစလုံးကို လက်ခံထားပြီး စစ်ဆေးမှုကို မကြာခင်မှာ စတင်နိုင်မယ်လို့ သိရပါတယ်။ မာကာသတင်းဌာနကတော့ အမှုနှစ်ခုစလုံး နေမာအနိုင်ရနိုင်တယ်လို့ နေမာ ကိုယ်တိုင် ယုံကြည်နေပါတယ်။ ဘာစီအသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန် ဒီအမှုများရှုံးနိမ့်သွားပါက အသင်းရဲ့ဘဏ္ဍာရေးဟာ ပိုမိုဆိုးရွားသွားပြီး ဒေဝါလီတောင်ခံရမယ့်အခြေအနေမှာ ရှိနေပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ