နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပါလိဂ်အဝေးကွင်းမှာ ရှုံးပွဲလည်းကြုံ ပြစ်ဒဏ်စုံချမှတ်ခံခဲ့ရတဲ့ စပါးအသင်း

နိုဝင်ဘာ  ၁၅

ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ စပါးအသင်း အဝေးပွဲအဖြစ် ရိုင်ရယ်အန့်ဝက်အသင်းနဲ့ကစားခဲ့ရာ ၁−၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် နည်းပြမော်ရင်ဟိုဟာ သူ့အသင်းအပေါ် တော်တော်ပေါက်ကွဲခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာကတည်းက လဲလို့ရသမျှ အကုန်လူစားလဲကစားခဲ့ပေမယ့် ထူးခြားပြောင်းလဲလားခြင်း မရှိခဲ့ပါ။ ဒီ ယူရိုပါလိဂ်ပွဲကစားဖို့ ဘယ်လ်ဂျီယံကိုလာရောက်ခဲ့စဉ် စပါးအသင်းဟာ ပွဲကို သတ်မှတ်ချိန်ထက်နောက်ကျပြီး ရောက်ရှိခဲ့တာကြောင့် အဓိကတာဝန်ရှိသူဖြစ်တဲ့ နည်းပြကြီးမော်ရင်ဟိုကို UEFA က တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းကိုလည်း UEFA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ CEDB က ယူရို ၂ သောင်းခွဲ ဒဏ်ကြေးပေးဆောင်စေတဲ့ ပြစ်ဒဏ်အပြင် စည်းမျဉ်းချိုးဖောက်မှုအတွက် ယူရို ၃ ထောင်ကိုလည်း ထပ်မံဒဏ်ရိုက်ခဲ့ပါတယ်။

CEDB တာဝန်ရှိသူတစ်ဦ:က “စောင့်ကြည့်ကာလ တစ်နှစ်ကို စတင်ရေတွက်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပြချုပ်ဆီကိုလည်း ဒီဆုံးဖြတ်ချက်အကြောင်းကို သတင်းပေးပို့ပြီးဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း အာဘီလိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲမှာ နောက်ကျပြီးရောက်ခဲ့တာကြောင့် ယူရိုနှစ်သောင်း ဒဏ်ရိုက်ခံရဖူးပါတယ်။ လက်ရှိပြစ်ဒဏ်ဟာ မော်ရင်ဟို လက်ထက်မှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ