နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခြင်းမှာ အပြောင်းအရွှေ့ကြောင့်မဟုတ်ဟု ဒေါ့မွန်တိုက်စစ်မှူး ဆန်ချို ပြော

နိုဝင်ဘာ  ၁၅

လက်ရှိဘောလုံးရာသီတွင် မိမိအနေဖြင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခြင်းမှာ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ မပြောင်းရွှေ့ရခြင်းနှင့် မသက်ဆိုင်ကြောင်း ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုက ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ်ရှိ ဆန်ချိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ ပြောင်းရွှေ့ ရန် နီးစပ်ခဲ့သော်လည်း ဒေါ့မွန်အသင်းက သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးကို မပေးချေနိုင်သည့်အတွက် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

ဆန်ချိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဒေါ့မွန်အသင်းတိုက်စစ်ပိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုးအများအပြားသွင်းယူပေးထားနိုင်ခဲ့ကာ ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရသည့် ကစားသမားဖြစ်သည်။

သို့သော် လက်ရှိဘောလုံးရာသီတွင် ဆန်ချိုအနေဖြင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ဘွန်ဒက်စ်လီဂါပွဲစဉ် ၈ ပွဲပြီးဆုံးချိန်တွင် သွင်းဂိုးတစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသေးဘဲ ချန်ပီယံလိဂ်နှင့် ဂျာမန်ပိုကယ်လ်ဖလားပြိုင်ပွဲတို့တွင်သာ တစ်ဂိုးစီသွင်းယူထားနိုင်သေးကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ