နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားစခန်းများ ပိတ်သိမ်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးတွင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက်ရှိ စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားစခန်း(Rest Camp) များအား မတ် ၂၉ ရက် နံနက်မှစတင်၍ ပိတ်သိမ်းထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ ထိုကဲ့သို့ ပိတ်သိမ်းလိုက်သည့်အတွက် ခရီးသွားမိဘပြည်သူများအနေဖြင့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက်ရှိ အမြန်လမ်း မီးသတ်စခန်း (၁၅) ခုတွင် ခေတ္တယာဉ်ရပ်နားနေနိုင်ရန်နှင့် ကျန်းမာရေး အပေါ့အလေးသွားခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ဆောင်ရွက်ထားရှိပါကြောင်းနှင့် အခြားလိုအပ်သည့် အကူအညီများတောင်းခံနိုင်ရန် အမြန်လမ်း မီးသတ်စခန်း ဖုန်းနံပါတ်များသို့ (၂၄)နာရီဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏တရားဝင် Facebook စာမျက်နှာ တွင် မတ် ၃၀ ရက်က ဖော်ပြထားသည်။ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက် COVID- 19 ကြောင့် စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားစခန်းများ ပိတ်သိမ်းလိုက်သော်လည်း လက်ရှိတွင် ယာဉ်သွားလာမှုများကို ပုံမှန်အတိုင်းသွား လာခွင့်ပြုထားမည် ဖြစ်ကြောင်းသိရသည်။ . ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ