နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံမှ ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

ရန်ကုန် မေ  ၁

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဒုတိယအကြိမ်ကူညီထောက်ပံ့သည့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အရေးပေါ်လိုအပ်နေသော အသက်ရှူစက် ၁၅ လုံးကို ဧပြီ ၃၀ ရက် ညတွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ကူညီရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်ထံ YH-၈၃ဝ-၁၁ အမျိုးအစားအသက်ရှူစက် အလုံး ၃ဝ ပေးအပ်လှူဒါန်း သည်။
ပထမအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ ဧပြီ ၂၂ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပို့ဆောင် ရောက်ရှိပြီး မြန်မာနိုင်ငံသို့လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။   

ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ