နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားအသင်း အနိုင်ရဖို့ အားကုန်ထုတ်ကစားရင်း သရေနဲ့သာ ကျေနပ်ခဲ့ရ

နိုဝင်ဘာ  ၁၅
စနေနေ့အစောပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲတွေ ပြန်လည်ကစားကြရာ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့ပွဲစဉ်မှာ ၁−၁ ရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ အနိုင်ရရှိထားကာ သုံးပွဲဆက်တိုက်အနိုင်ရရှိဖို့အတွက် အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ပါရာဂွေးအသင်းရဲ့ ခပ်မာမာတုံ့ပြန်မှုကြောင့် ရုန်းကန်ကစားခဲ့ရပါတယ်။ အာဂျင်တီးနားက မက်ဆီ၊ လိုဆယ်လို၊ မာတီနက်ဇ်၊ အော်တာမန်ဒီ၊ ဒီပေါလ်တို့လို အဓိကကစားသမားတွေ ထည့်သွင်းကစားခဲ့ပါတယ်။ ပါရာဂွေး ကလည်း အကောင်းဆုံးပြင်ဆင်လာပြီး အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားခဲ့ပါတယ်။ အဖွင့်ဂိုးကိုလည်း ပါရာဂွေးတို့က စတင်သွင်းယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတို့က ပိုမိုဖိအားပေးကာ ဂိုးရဖို့ ပိုမိုကြိုးစားအားထုတ် ကစားလာခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ပါရာဂွေးတို့က ပင်နယ်တီကတစ်ဆင့် သွင်းယူခဲ့တာပါ။ အာဂျင်တီးနား အတွက် ချေပဂိုးကိုတော့ အိန်ဂျယ်ရိုမဲယိုက ပြန်လည်သွင်းယူခဲ့တာပါ။ အာဂျင်တီးနားတို့ အနိုင်ဂိုးရရှိရေး ဖိအားပေး ဆက်တိုက်တိုက်စစ်ဆင်ကစားခဲ့ပြီး တော်တော်များများ ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးကံခေခဲ့ရ ပါတယ်။ မက်ဆီရဲ့ ဖရီးကစ်ကန်သွင်းမှုဟာ ကောင်းမွန်ခဲ့ပေမယ့် ပါရာဂွေးဂိုးသမားလက်နဲ့ထိပြီး ဘားတန်းကို ထိ ထွက်သွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ အာဂျင်တီးနားတို့ ဒီမာရီယာကိုပါ ထည့်သွင်းကစားခဲ့ပေမယ့် ပါရာဂွေးရဲ့ ခံစစ်ကောင်းမွန်မှုကြောင့် ဂိုးရဖို့ခက်ခဲခဲ့ရပြီး အိမ်ကွင်းမှာ သရေရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ