နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညံ့ဆုံးအသင်းခေါင်းဆောင်ဟူသော ဝေဖန်မှု မှားယွင်းနေတယ်လို့ သက်သေပြခဲ့တဲ့ အသင်းခေါင်းဆောင်

နိုဝင်ဘာ  ၁၅

ယူရို ၂၀၂၀ ဝင်ခွင့်ရရှိဖို့ အပြင်းအထန်ကြိုးစားတိုက်ပွဲဝင်နေတဲ့ စကော့တလန်တို့ဟာ လီဗာပူး ဘယ်အစွန်လူ ရောဘတ်ဆန်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရောဘတ်ဆန်ဟာ စကော့တလန်ရဲ့ ၂၂ နှစ် အတွင်း အညံ့ဆုံးအသင်းခေါင်းဆောင်အဖြစ် ဆိုးရွားစွာဝေဖန်ခံရတဲ့အထိ ဖိအားတွေကိုရင်ဆိုင်နေရပါတယ်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆင့်မြင့်ပြိုင်ပွဲတွေဝင်မပြိုင်ခဲ့ရတဲ့ စကော့တလန်ဟာ ဒီ ၂၀၂၀ ပြည့်နှစ် ယူရိုပြိုင်ပွဲ ကိုတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါပြီ။ ၁၉၉၆ ခုနှစ် ယူရိုပြိုင်ပွဲအပြီးမှာ အမျိုးမျိုးသောလွဲချော်မှုတွေနဲ့ ကျဆုံး နေခဲ့တဲ့အသင်းပါ။ အခုအချိန်မှာတော့ စကော့တလန်ရဲ့ ယူရို ၂၀၂၀ ဝင်ခွင့်ကို ရယူလိုစိတ်ပြင်းပြလာခဲ့ကာ ရောဘတ်ဆန်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ဝေဖန်ခံရမှုတွေပြင်းထန်နေတဲ့ စကော့ တလန်တို့ဟာ ဆားဘီးယားအသင်းကို ပင်နယ်တီနဲ့အနိုင်ရခဲ့တာကြောင့် ၂၀၂၀ ယူရိုပြိုင်ပွဲကို ဝင်ရောက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ စကော့တလန်ရှုံးပွဲတွေ့ရင် သရေရလဒ်တွေ ပင်နယ်တီတာဝန်ယူမှုတွေမလုပ်ရင် ထိပ်ဆုံးက ဝေဖန်ခံနေရတာက ရောဘတ်ဆန်ပဲဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ရောဘတ်ဆန်ဦးဆောင်နေသမျှ စကော့ တလန်တို့ အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာပါဝင်နိုင်မှာမဟုတ်ပါဘူးဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေခံနေရမှုပါပဲ။ရောဘတ်ဆန်ဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်၊ စူပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလားစတဲ့ ဖလားတွေရယူနိုင်ခဲ့သူပါ။ ရောဘတ်ဆန်ဟာ လီဗာပူးအတွက် ကစားနေရင်း စကော့တလန်အတွက်လည်း ပွဲတိုင်းပါဝင်ကစားပေးနေသူပါ။ ခုတော့ စကော့တလန်အသင်းကို ပထမဆုံး ယူရို ၂၀၂၀ ပြိုင်ပွဲဆီကို အရောက်ပို့နိုင်ခဲ့ပါပြီ။ မိမိနိုင်ငံအသင်းကို ဥရောပဘောလုံးလောကကိုပြန်ရောက်အောင် ရောဘတ်ဆန် ဦးဆောင်ပေးနိုင်ခဲ့ပါပြီ။ ဒါကြောင့် ၂၂ နှစ်အတွင်း အညံ့ဆုံး စကော့တလန်အသင်းခေါင်းဆောင်ဆိုတဲ့ ဝေဖန်မှုဟာ အမှားကြီးပါလို့ သက်သေပြနိုင်ခဲ့ပါပြီ။

(SO)






အခြားဆက်စပ်သတင်းများ