နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပြန့်ပွားမှု ကာလအတွင်း သွေးတိုးရောဂါရှိသော သက်ကြီးပိုင်းများသာမက လူငယ်လူရွယ်၊ လူလတ်ပိုင်းများလည်း ဂရုစိုက်နေထိုင်ရန်လိုအပ်

ရန်ကုန် မေ ၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကာလအတွင်း သွေးတိုးရောဂါရှိသော သက်ကြီး ပိုင်းများသာမက လူငယ်လူရွယ်၊ လူလတ်ပိုင်းများ အနေနှင့်လည်း ဂရုစိုက်နေထိုင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့မှ အထွေထွေရောဂါကု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက သွေးတိုးရောဂါနှင့် အခြားရောဂါများ အခံရှိနေသူများသည် ရောဂါ အခံမရှိသူများထက် အသက်အန္တရာယ် ပို၍စိုးရိမ်ရကြောင်း၊ သွေးတိုးရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံ၌ လူ ၄ ဦးလျှင် ၁ ဦးနှုန်း သွေးတိုးရောဂါ ခံစားနေရကြောင်း ယင်းက ပြောသည်။

လူတစ်ဦးတွင် သွေးပေါင်ချိန် ၁၄၀/၉၀ နှင့် အထက်ရှိပါက သွေးတိုးရောဂါ ဖြစ်ပွားနေသည်ဟု သတ်မှတ်ထားပြီး အများအားဖြင့် အသက်ငယ်ရွယ်သူများသည် ရောဂါအခံ တစ်စုံတစ်ရာကြောင့် သွေးတိုးရောဂါ ဖြစ်လေ့ရှိသော်လည်း အသက်ကြီးသူများတွင် ရောဂါအခံမရှိဘဲနှင့်လည်း သွေးတိုးရောဂါ ဖြစ်နိုင်ကြောင်း၊ ထို့အပြင် သွေးတိုးရောဂါသည် ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် နေထိုင်စားသောက်မှု မရှိသူများတွင် အဖြစ်များပြီး ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သူများ၊ အဝလွန်သူများ၊ အဆီများသူများနှင့် ဆီးချိုရောဂါရှိသူများတွင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေပိုများကြောင်း သိရသည်။

သွေးတိုးရောဂါ ဖြစ်နေသူများအနေနှင့် အငန်လွန်ကဲသော အစားအသောက်များ စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ပြည့်ဝဆီစားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ဟင်းသီးဟင်းရွက်များကို ဦးစားပေးစားရန်၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ နေ့စဉ်ပုံမှန်ပြုလုပ်ပြီး အဝမလွန်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဆရာဝန်များက အကြံပြုထားကြသည်။       
                         
 (မိုးယံထက်)






အခြားဆက်စပ်သတင်းများ