နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်တွင် ရပ်ရွာအခြေပြု ဖျားနာကုဆေးခန်း ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းညှိနှိုင်းဆွေးနွေး

ရန်ကုန် မေ ၁

လတ်တလောဖြစ်ပွားနေသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံ၊ ဆေးခန်းအချို့ ပိတ်ထား ရချိန်တွင် သာမန်ဖျားနာလူနာများအား ကုသပေးနိုင်ရန် Fever Clinic(ရပ်ရွာအခြေပြု ဖျားနာကုဆေးခန်း)  ဖွင့်လှစ်မည့် နေရာသို့ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေးမှူး၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ ဧပြီ ၃၀ ရက် နေ့လယ် ၃ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ 

အဆိုပါ ဆေးခန်းကို ရန်ကင်းမြို့နယ် မိုးကောင်း ကျောင်းတိုက်ဝင်း အတွင်းရှိ ဒေါ်ကြည်ကြည်လွင် ကုသိုလ်ဖြစ်ဆေးခန်းနေရာအား လျာထားပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရပ်ရွာအခြေပြု ဖျားနာကုဆေးခန်း လမ်းညွှန်(Community Fever Clinic Guidelines) တွင်ပါဝင်သော ခေါင်းစဉ် ၈ ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဆေးခန်းအတွက် လိုအပ်သော ပစ္စည်းအင်အား၊ လူအင်အား၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များ၊ ဆေးခန်းတစ်ခု အင်္ဂါရပ်နှင့်အညီ ကောင်းမွန်စွာ သက်ဝင်လည်ပတ်နိုင်ရေး စသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ