နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုက်ဘာအနိုင်ကျင့်မှုများကို သတင်းပေးပို့နိုင်သည့် app ဖန်တီးခဲ့သည့် ဘင်္ဂလားဒေ့ရှ်လူငယ် နိုင်ငံတကာဆု ဆွတ်ခူး

နိုဝင်ဘာ ၁၄၊ ဒါကာ


ဆိုက်ဘာအနိုင်ကျင့်မှုနှင့်ပတ်သက်၍ လူငယ်များကို အသိပညာပေးရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးမှာ နိုင်ငံတကာကလေးငယ်များ ငြိမ်းချမ်းရေးဆု ဆွတ်ခူးခဲ့သည်။ အသက် ၁၇ နှစ်ရှိသည့် ဆာဒက်ရာမန်သည် အနိုင်ကျင့်ခံရခြင်းကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သတင်းကြားခဲ့ပြီးနောက် အွန်လိုင်းပေါ်မှ အနိုင်ကျင့်မှုများကို သတင်းပေးပို့နိုင်မည့် မိုဘိုင်း app တစ်ခု ဖန်တီးခဲ့သည်။ 

လက်ရှိအချိန်တွင် ဆာဒက်ရာမန် နေထိုင်သည့်ခရိုင်ရှိ ဆယ်ကျော်သက် ၁၈၀၀ နီးပါးမှာ အဆိုပါ app ကို အသုံးပြုနေကြပြီဖြစ်သည်။ ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာက ဆာဒက်ရာမန်မှာ အားကျအတုယူစရာ ကောင်းသည်ဟု မှတ်ချက်ပေးခဲ့သည်။ နိုင်ငံတကာကလေးငယ်များ ငြိမ်းချမ်းရေးဆုမှာ ကလေးငယ်များ အခွင့်အရေး တိုးတက်ကောင်းမွန်အောင် လှုပ်ရှားပေးသည့် လူငယ်များအတွက် နှစ်စဉ်ချီးမြှင့်လေ့ရှိသည်။ ဆွီဒင်နိုင်ငံမှ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်မှာလည်း ယခင်က အဆိုပါဆု ဆွတ်ခူးခဲ့ဖူးသည်။ 

လူငယ်များအနေဖြင့်  ဆာဒက်ရာမန် ဖန်တီးခဲ့သည့် Cyber Teens app ကို အသုံးပြု၍ ဆိုက်ဘာအနိုင်ကျင့်မှုများကို စေတနာ့ဝန်ထမ်း ကွန်ရက်များမှတစ်ဆင့် လျှို့ဝှက်သတင်းပေးပို့နိုင်မည် ဖြစ်သည်။ ထို့နောက်တွင် စေတနာ့ဝန်ထမ်းများက ရဲတပ်ဖွဲ့ သို့မဟုတ် လူမှုဝန်ထမ်းများထံတစ်ဆင့် သတင်းပေးပို့သည့်ပုံစံဖြစ်သည်။ အဆိုပါ app မှာ ဆယ်ကျော်သက်များကို အွန်လိုင်းပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးမှုများလည်း ပြုလုပ်လေ့ရှိသည်။ အဆိုပါ app ကို စတင်တည်ထောင်ခဲ့ပြီးနောက် အွန်လိုင်းပေါ်တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသည့် လူငယ် ၃၀၀ ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး အွန်လိုင်းပေါ်တွင် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည့် အရွယ်ရောက်ပြီးသူများအပါအဝင် လူ ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ