နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုးပီးယားနိုင်ငံမှ အစုလိုက်အပြုံလိုက် လူသတ်မှုများမှာ စစ်ရာဇဝတ်မှုမြောက်ဖွယ်ရှိဟု ကုလသမဂ္ဂ ဆို

နိုဝင်ဘာ ၁၄၊ ဂျီနီဗာ


အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တိုင်ဂရေးဒေသတွင် အရပ်သားများ အစုလိုက်အပြုံလိုက် အသတ်ခံ ရသည်ဆိုသည့်သတင်းများကို အတည်ပြုနိုင်ပါက စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရဖွယ်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့အကြီးအကဲ ဘာချီလက်က သတိပေးခဲ့သည်။ တိုင်ဂရေးဒေသရှိ မြို့တစ်မြို့တွင် လူဒါဇင်ပေါင်းများစွာ (သို့မဟုတ်) ရာပေါင်းများစွာမှာ ဓားဖြင့် ထိုးသတ်ခြင်း၊ ဓားဖြင့် ခုတ်သတ်ခြင်း စသည့်အခြေအနေ ကြုံတွေ့ခဲ့သည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးရန် ဘာချီလက်က တိုက်တွန်းခဲ့သည်။ 

သို့သော် အစုလိုက်အပြုံလိုက် လူသတ်မှုမှာ တိုင်ဂရေးခေါင်းဆောင်များကို သစ္စာခံသည့်တပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဟု အီသီယိုးပီးယားဝန်ကြီးချုပ် အဘေးအာမတ်က စွပ်စွဲခဲ့သည်။ သို့သော် အဆိုပါစွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း တိုင်ဂရေးဒေသခေါင်းဆောင် ဂီဘရီမီချယ်က ပြောသည်။ 

ပြည်ထောင်စုတပ်ဖွဲ့များက တိုင်ဂရေးဒေသအနောက်ပိုင်းကို လွတ်မြောက်အောင် လုပ်ပေးခဲ့ပြီးနောက် တိုင်ဂရေးဒေသအာဏာရပါတီ(TPLF)ကို ထောက်ခံသည့် တိုက်ခိုက်ရေးသမားများက ဆူပူသောင်းကျန်းခဲ့ပြီး တိုင်ဂရေးဒေသအနောက်တောင်ပိုင်းဇုန်ရှိ မိုင်ခါဒရာမြို့တွင် အပြစ်မဲ့အရပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဟု အဘေးအာမတ်က ပြောသည်။

ပြီးခဲ့သည့်တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှာ TPLF ကို သစ္စာခံသည့်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ အီသီယိုးပီးယားအစိုးရနှင့် တိုင်ဂရေးဒေသကို ထိန်းချုပ်ထားသည့် အာဏာရပါတီကြား ကာလရှည် တင်းမာမှုများ ဖြစ်ပွားခဲ့ရာ နိုဝင်ဘာလ ၄ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ