နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ဆေးကို လူသားအားလုံး တန်းတူညီမျှထိုးခွင့်ရရန် ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ သန်း ၇၀ ထောက်ပံ့ကူညီ

နိုဝင်ဘာ ၁၄၊ ဝါရှင်တန်


ယခုရက်သတ္တပတ်အစောပိုင်းတွင် အာနိသင်ထက်မြက်သည့် COVID-19 ရောဂါ ကာကွယ်ဆေး တွေ့ရှိပြီဆိုသည့် သတင်းထွက်ပေါ်လာခဲ့ပြီးနောက် လူသားအားလုံး တန်းတူညီမျှ ကာကွယ်ဆေးထိုးခွင့် ရရှိရေးအတွက် နောက်ထပ်အမေရိကန်ဒေါ်လာ သန်း ၇၀ ထောက်ပံ့ကူညီပေးမည်ဟု ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းက ကြေညာခဲ့သည်။ 

'' နေရာတစ်ခုခုမှာ COVID-19 ရှိနေသေးရင် နေရာတိုင်းမှာ COVID-19 ရောဂါ ရှိနိုင်ပါတယ်။ အဲဒါကြောင့်ပဲ လူသားအားလုံး တန်းတူညီမျှ ရောဂါစစ်ဆေးခွင့်၊ (ကာကွယ်ဆေး၊ ကုသဆေးတွေ ပေါ်လာခဲ့ရင်) ကမ္ဘာ့ဘယ်နေရာမှာ နေထိုင်သူပဲဖြစ်ဖြစ် တန်းတူညီမျှ ကာကွယ်ဆေး၊ ကုသဆေးထိုးခွင့်ရအောင် လုပ်ပေးရမှာပါ'' ဟု ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်း၏ ပူးတွဲဥက္ကဋ္ဌ မီလင်ဒါဂိတ်က ပြောသည်။ 

ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းမှာ Gavi, the Vaccine Alliance ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် COVAX Advance Market Commitment အဖွဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၊ Coalition for Epidemic Preparedness Innovations (CEPI) အဖွဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။ Gavi, the Vaccine Alliance  နှင့် (CEPI) တို့မှာ COVID-19 ရောဂါ စစ်ဆေးရေး၊ ကုသရေးနှင့် ကာကွယ်ဆေးများ တန်းတူညီမျှရရှိရေး ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ Access to COVID-19 Tools Accelerator အတွက် ကာကွယ်ဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့များဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ