သုံးခွ မေ ၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့အမှတ် (၁) ရပ်ကွက်အထက၂ဘောလုံးကွင်းတွင် ဖွင့်လှစ်ထားသော ယာယီဈေး၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲက ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား သုံးခွမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မို့မို့လွင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးဒေါ်ရီရီမြင့်နှင့်ဝန်ထမ်းများ မြို့မစျေးတာဝန်ခံစောသာ ဖလားထူး၊ စျေးအကျိုးတော်ဆောင် အဖွဲ့ဝင်များက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ယာယီစျေးတွင် ဟင်းသီးဟင်းရွက်၊ အသားငါး၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိသည်။ စျေးအတွင်းသို့မဝင်မီ နေ့စဉ်စျေးသည်စျေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ အပူချိန်တိုင်းတာခြင်းများ ပြုလုပ်စေကာ လက်ဆေးရန်ဘေစင်များထားရှိပြီးကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်သုံးခွ