နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဲမသမာမှုရှိသည်ဆိုသည့် စွပ်စွဲချက်များက ဒီမိုကရေစီစနစ် ထိခိုက်စေသည်ဟု အိုဘားမား ပြော

နိုဝင်ဘာ  ၁၃ ၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသည့် သမ္မတဒေါ်နယ်ထရမ့်၏ သက်သေ အထောက်အထားမဲ့ ပြောကြားချက်များကို ထောက်ခံနေသည့် ရီပတ်ဗလစ်ကန်ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များမှာ ဒီမိုကရေစီကို ထိခိုက်အောင်လုပ်နေသည်ဟု အမေရိကန်သမ္မတဟောင်း အိုဘားမားက ပြောသည်။ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း CBS News နှင့် အင်တာဗျူးအစီအစဉ်တွင် အိုဘားမားက ပြောသည်။


ပြီးခဲ့သည့်အားလပ်ရက်ကတည်းက အမေရိကန်နိုင်ငံ၏ ထိပ်တန်းမီဒီယာများက ဂျိုးဘိုင်ဒင် အနိုင်ရပြီဟု ဖော်ပြခဲ့သော်လည်း ယခုအချိန်အထိ မဲရေတွက်မှုများ လုပ်နေဆဲဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ ဒေါ်နယ်ထရမ့်က ဥပဒေကြောင်းအရ စိန်ခေါ်မှုများ စတင်ခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ အရှုံးမပေးလိုသည့်စိတ်ကြောင့် ယခုကဲ့သို့ စွပ်စွဲမှုများ လုပ်နေခြင်းဖြစ်သည်ဟု အိုဘားမားက ဝေဖန်ခဲ့သည်။


''အခြေအနေကို ကောင်းကောင်းသိတဲ့ တခြားရီပတ်ဗလစ်ကန်ပါတီ အရာရှိတွေကပါ ဒီကိစ္စမှာ သူ့ဘက်လိုက်ပြောနေလို့ ကျွန်တော် ပိုပြီးခံစားရခက်ပါတယ်။ ဒါဟာ နောက်တက်မယ့် ဂျိုးဘိုင်ဒင်အစိုးရရဲ့ တရားဝင်မှုကို ထိခိုက်နစ်နာစေရုံတင်မကဘဲ ဒီမိုကရေစီစနစ်ကိုပါ ထိခိုက်အောင်လုပ်ရာ ရောက်ပါတယ်။ ဒါက အန္တရာယ်များတဲ့လမ်းကြောင်းပါ'' ဟု အိုဘားမားက ပြောခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ