နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရမ်ကျမ်းစာကို မီးရှို့ရန်ကြိုးပမ်းခဲ့သည့် ဒိန်းမတ်နိုင်ငံသား ၅ ယောက်ကို ဘယ်လ်ဂျီယံနိုင်ငံ ပြည်နှင်ဒဏ်ပေး

နိုဝင်ဘာ  ၁၃၊ ဘရပ်ဆဲလ်


ဘရပ်ဆဲလ်မြို့ရှိ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့် ဒေသတွင် ကိုရမ်ကျမ်းစာကို မီးရှို့ရန် ကြိုးပမ်းခဲ့သည့် ဒိန်းမတ်နိုင်ငံသား လက်ယာစွန်းရောက် တက်ကြွလှုပ်ရှားသူ ၅ ဦးကို ဘယ်လ်ဂျီယံနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့ရပြီး ပြည်ဝင်ခွင့် တစ်နှစ်ကြာ ပိတ်ပင်ခဲ့သည်။ ယင်းတို့၏လုပ်ရပ်မှာ ငြိမ်ဝပ်ပိပြားရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ရာရောက်သည်ဟု နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများဆိုင်ရာ အတွင်းဝန် ဆမ်မီမာဒီက ပြောသည်။


ကိုရမ်ကျမ်းစာကို မီးရှို့ရန် ကြိုးပမ်းသူများမှာ ဒိန်းမတ်နိုင်ငံသား လက်ယာစွန်းရောက် နိုင်ငံရေးသမား ပါလူဒန်နှင့် ဆက်နွှယ်နေသူများဖြစ်သည်ဟု ယင်းတို့၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ ပါလူဒန်မှာ ပါရီမြို့တွင် ကိုရမ်ကျမ်းစာကို မီးရှို့လိုသည့် ဆန္ဒကိုထုတ်ဖော်ပြသခဲ့ပြီးနောက် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်။


ယခုနှစ်အစောပိုင်းကလည်း ယင်းတို့ပါတီ၏ လူမှုကွန်ရက် ပေါ်တွင် အစ္စလာမ်ဆန့်ကျင်ရေးဗီဒီယိုများ ‌ဖော်ပြခဲ့ခြင်းကြောင့် ဒိန်းမတ်နိုင်ငံတွင် တစ်လကြာ ထောင်ဒဏ်ချမှတ် ခံခဲ့ရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ