နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်စစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် အမေရိကန်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်နယ်ထရမ့် ပိတ်ပင်

နိုဝင်ဘာ  ၁၃၊ ဝါရှင်တန်


တရုတ်စစ်တပ်က ပိုင်ဆိုင်သည့် (သို့မဟုတ်)ထိန်းချုပ်ထားသည့် တရုတ်လုပ်ငန်းစုများတွင် အမေရိကန် နိုင်ငံသားများကို ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်သည့် သမ္မတညွှန်ကြားချက်အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်စစ်တပ်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် ပေးနေပြီး အမေရိကန်နိုင်ငံလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်ဆိုသည့် တရုတ်ကုမ္ပဏီ ၃၁ ခုအတွက် ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။


နာမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီများတွင် စမတ်ဖုန်းထုတ်လုပ်သည့် Huawei ကုမ္ပဏီ၊ စောင့်ကြည့်ရေးဗီဒီယိုကိရိယာများ ထုတ်လုပ်၊ ပံ့ပိုးသူများတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်သည့် Hikvision တို့ ပါဝင်နေသည်။ China Telecom၊ China Mobile စသည့် ကုမ္ပဏီအချို့က နယူးယော့ခ် စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်နေသည့် ကုမ္ပဏီများဖြစ်သည်။


အမေရိကန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါကုမ္ပဏီများ၏ လူမှုဖူလုံရေးစနစ်တွေကို ပိုင်ဆိုင်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် လုပ်ခွင့်မရှိပေ။ အဆိုပါကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားပြီးသူများအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမတိုင်ခင်အထိ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးပြန်လည်ထုတ်ယူခွင့်ရှိသည်။


ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် နည်းပညာအားပြိုင်မှု အရှိန်မြင့်နေချိန်တွင် ယခုညွှန်ကြားချက်အမိန့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်တွင် စတင်အကျုံးဝင်မည်ဟု ဆိုသည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ