နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ထပ်မံရွှေ့ဆိုင်း

နေပြည်တော် မေ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ပြည်ထောင်စု အထွေထွေရွေးကောက်ပွဲ နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်မည့်အစီအစဉ်ကို ယခုမေလ ၂၁ ရက်အထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧပြီလ ၃၀ ရက်က တရားဝင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အစီအမံများအား ပိုမိုထိရောက်စွာ ရှေးရှုဆောင်ရွက်နိုင်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်ရုံး၌ ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ဧပြီလ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းသွားမည်ဟု ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ယာယီရပ်ဆိုင်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ယခုမေလ ၂၁ ရက်အထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း နှင့် အဆိုပါ မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧပြီလ ၃၀ ရက်က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ