နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်၌ လောင်းကစား ငါးမန်းဂိမ်းဆိုင်များ ဖမ်းဆီး

ရန်ကုန် မေ ၁

 ဧပြီ ၂၉ ရက်၊ ညနေ ၃ နာရီခွဲအချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်း၊ အခန်းအမှတ်(ဂ/၂၇/B)ရှိ Super Top(SS) ဂိမ်းဆိုင်၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ ဆိုင်ပိုင်ရှင် ရန်နိုင်အောင်(ခ)ဖိုးလပြည့်(၂၃)နှစ်ပါ ဆိုင်ဝန်ထမ်း ၄ ဦး (ကျား ၁၊ မ ၃)နှင့် ငါးမန်းဂိမ်းလောင်းကစားပြုလုပ်နေသူ ကိုကိုသက်(၂၂)နှစ်ပါ ကျား ၂ ဦးတို့အား လိပ်/ငါး ဂိမ်းစက်အကြီး ၄ လုံး၊ ငွေ ၇၆၃,၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရန်နိုင်အောင်(ခ)ဖိုးလပြည့်ပါ ၆ ဦး(ကျား ၃၊ မ ၃)(ဖမ်းမိ)တို့အား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၈၄၉/၂၀၂၀၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီ ၂၉ ရက်၊ ညနေ ၄ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်း၊ အခန်းအမှတ်(ဋ/၂)ရှိ ဘယ်ကျော်၏ ဂိမ်းဆိုင်အား သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဆိုင်ပိုင်ရှင် ဘယ်ကျော်အား မတွေ့ရှိဘဲ ဆိုင် တာဝန်ခံ ဟိန်းထက်ဇော်(ခ)မန်းကျီး(၂၀)နှစ်ပါ ဆိုင်ဝန်ထမ်း ကျား ၂ ဦးနှင့် ငါးမန်းဂိမ်းလောင်းကစားပြုလုပ်နေသူ ကိုအောင်(၃၈)နှစ်ပါ ၁၃ ဦး(ကျား ၁၁၊ မ ၂)အား ငါးမန်းဂိမ်းစက် ၆ လုံး၊ ငွေ ၂၁၉,၉၀၀ ကျပ်၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် ဘယ်ကျော်(ဖမ်းမမိ)နှင့် ဟိန်းထက်ဇော်(ခ)မန်းကျီးပါ ၁၅ ဦး(ကျား ၁၃၊ မ ၂) (ဖမ်းမိ)တို့အား (ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၈၅၀/၂၀၂၀၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/ ၁၇ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီ ၂၉ ရက်၊ ညနေ ၄ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်း၊ အခန်းအမှတ်(၁၁၆)ရှိ မမေမြတ်သူ(၂၄)နှစ်၏ဂိမ်းဆိုင်အား သတင်းအရ ဘုရင့်နောင်နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဆိုင်ပိုင်ရှင် မမေမြတ်သူနှင့် ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေသူ အောင်နိုင်(၃၄)နှစ်ပါ ၁၁ ဦး(ကျား ၁၀၊ မ ၁)တို့အား ငါးမန်းဂိမ်းစက် ၄ လုံး၊ ဘောလုံးဂိမ်းစက် ၁ လုံး၊ လောင်းကစားငွေ ၂၃၉,၄၀၀ ကျပ်၊ ဖုန်း ၂ လုံး၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၂၂၄၀ အချိန်တွင် မမေမြတ်သူပါ ၁၂ ဦး (ကျား ၁၀၊ မ ၂) (ဖမ်းမိ)တို့အား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၈၅၁/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ