နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမြန်လမ်းတွင် Hi Jet အဖြူရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်   မေ    ၁

နေပြည်တော် - ရန်ကုန်လမ်းတွင် HI Jet အဖြူရောင်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ညာဘက်သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က မိုင်တိုင် ၁၆/၄ အနီးတွင် ယာဉ်မောင်း ကိုသူရအောင် (၃၁)နှစ်၊ ကျောက်တံခါးမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်ပေါ်၌ ယာဉ်မောင်းပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေး လေးဦး စုစုပေါင်း ရှစ်ဦး လိုက်ပါလာသည့် ယာဉ်အမှတ် 9Q/---- အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားပြီး ကားလမ်းညာဘက်ရှိ Guard Rail တန်းပေါ်သို့ တက်ရောက်ရပ်တန့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးတစ်ဦး စိုးရိမ်ရဒဏ်ရရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ (၃)လမ်းဆုံစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းကိုသူရအောင်ကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့(၃)လမ်းဆုံစခန်းမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ