နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၀ဝ ကျော်ခန့် ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်   မေ    ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ စက်ရုံ ၃၀ဝ ကျော်အတွင်းမှ ၁၀ဝ ကျော်ခန့်က ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း စစ်ဆေးပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းကြောင့် ပြန်ဖွင့်ဖို့ပြင်ဆင်နေပြီဟု ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

အဆိုပါ စက်ရုံ ၁၀ဝ ကျော်ခန့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်ခွင့်ရထားပြီးဖြစ်ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်မှ ဧပြီ ၃၀ ရက်အထိ ပိတ်ဖို့ညွှန်ကြားထားသော စက်ရုံအလုပ်ရုံများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးပြီး သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိမှဖွင့်ခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာတွေ့ရှိမှုများလာသည့်အတွက် လူစုလူဝေး ရှောင်ရှား နိုင်အောင် လူငါးဦးထက်ပိုမစုရဟု အစိုးရကသတ်မှတ် ကြေညာပြီးနောက်ပိုင်း လူဦးရေ အများအပြားရှိသော စက်ရုံ၊ အလုပ်ရုံများနှင့်ပတ်သက်၍ အစိုးရကညွှန်ကြားချက် သီးသန့်ထပ်မံ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရ သည်။

စက်မှုဇုန်များကို စစ်ဆေးရာတွင် ဦးစားပေးအဆင့်များအနေဖြင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ စားသောက်ကုန်ထုတ်လုပ်ရေး စက်ရုံ၊ ကျန်းမာရေးလိုအပ်ချက်နှင့်ကိုက်ညီပြီး ဖွင့်ဖို့အသင့်ဖြစ်နေသော စက်ရုံများက အလုပ်သမားတစ်ထောင်အထက်ရှိ စက်ရုံများပြီးမှ အခြားစက်ရုံ အလုပ်ရုံများကိုစစ်ဆေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

ကျန်းမာရေးလမ်းညွှန်ချက်များအတွင်း အလုပ်သမားများကို ထိုင်ခုံနေရာအတိအကျနှင့် ကြိုပို့ယာဉ် စီစဉ်ပေးရန်၊ ယာဉ်ပေါ်တွင်လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများထားရှိရန်၊ လက်ကို မကြာခဏဆေးကြော နိုင်အောင် အထောက်အကူပြုပစ္စည်းများ လုံလောက်စွာစီစဉ်ပေးရန်၊ တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာမှ ၆ ပေ အကွာတွင် အလုပ်လုပ်နိုင်အောင် စီစဉ်ထားရန်၊ ထမင်းစားချိန်ခွဲခြားသတ်မှတ်ပေးရန် စသည့်အချက်များကို ပါဝင်ကြောင်း သိရသည်။                                 

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ