နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဒဂုံ ဖျားနာကု(အခမဲ့)ဆေးခန်းတွင် ကျန်းမာရေးပိုင်းဆိုင်ရာကို စနစ်တကျဆောင်ရွက်

ရန်ကုန်   မေ    ၁

တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဖျားနာကုဆေးခန်းသို့ လူနာ ကျား ၇ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂   ဦးက လာရောက်ပြသခဲ့ကြသည်။
အဆိုပါ လာရောက်ပြသသူများထဲမှ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း များတွေ့ရှိရသူ လူနာတစ်ဦးကို သံသယလူနာအဖြစ် သင်္ယန်းကျွန်းဆေးရုံသို့ ကာကွယ်မှုများ ပြုလုပ်ထားသော လူနာတင်ကားဖြင့် ဧပြီ ၂၉ ရက်ထဲက လွှဲပို့ပေးခဲ့ပြီးဖြစ်သည်။

အဖျားရှိပြီး ဖျာပုံမှပြန်လာသူတစ်ဦးကို သက်ဆိုင်ရာရပ်/ကျေးတာဝန်ရှိသူများနှင့် စီစဉ်တိုင်ပင်၍ Stay Home သတ်မှတ်ပြီး စောင့်ကြည့်ထားကြသည်။
အဆိုပါဆေးခန်းတွင် ဆေးခန်းထိုင်ပေးကြသော Volunteer ဆရာဝန်နှစ်ဦးနှင့် Volunteer ဆေးဝန်ထမ်း များက သတ်မှတ်ထားသော PPE ဝတ်စုံပြည့်ဖြင့်သာ ကြည့်ရှုပေးလျက်ရှိပြီး ဆေးခန်းချိန်ပြီးသည်နှင့် ဆေးခန်းအတွင်းအပြင်နှင့် ဆေးခန်းဧရိယာတဝိုက်ကို ပိုးသတ်ဆေးဖျန်းခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက် လျက်ရှိသည်။

(WP)






အခြားဆက်စပ်သတင်းများ