နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါရင့်လက်ထောက်အရာရှိ ရွန်ကလိန်းကို ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်ဝန်ထမ်း ဦးစီးချုပ်အဖြစ် ရွေးချယ်

နိုဝင်ဘာ  ၁၂ ၊ ဝါရှင်တန်


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီဟု ကမ္ဘာ့ထိပ်တန်းမီဒီယာများက ဖော်ပြကြသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်မှာ ယင်း၏ ဝါရင့်လက်ထောက်အရာရှိ ရွန်ကလိန်းကို အိမ်ဖြူတော် ဝန်ထမ်းဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်ကြားကာလအတွင်း  ဂျိုးဘိုင်ဒင်က အထက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ချိန်တွင် ရွန်ကလိန်းက ကော်မတီ၏ ရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။


၁၉၈၈ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲများတွင် ဂျိုးဘိုင်ဒင်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ဖြစ်ခွင့်ရဖို့ ကြိုးပမ်းခဲ့ချိန်၌ ရွန်ကလိန်းက အကြံပေး၊ မိန့်ခွန်းရေးသူအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ရွန်ကလိန်းမှာ ဘီလ်ကလင်တန်၊ အယ်ဂိုး၊ ဂျွန်ကယ်ရီ၊ အိုဘားမား၊ ဟီလာရီကလင်တန်၊ ဂျိုးဘိုင်ဒင် စသည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်များကို စကားရည်လုပွဲအတွက် လေ့ကျင့်ပြင်ဆင်ပေးခဲ့သည့် နည်းပြဆရာဖြစ်သည်။


ဒုတိယသမ္မတအဖြစ် ဂျိုးဘိုင်ဒင် တာဝန်ထမ်းဆောင်ချိန်တွင် ရွန်ကလိန်းက ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဝန်ထမ်းဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ထို့အပြင် အိုဘားမား၏ အိမ်ဖြူတော် ထိပ်တန်းအရာရှိ၊ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်ဂိုး၏ ဝန်ထမ်းဦးစီးချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။ အတွေ့အကြုံ ကြွယ်ဝသည့် ရွန်ကလိန်းမှာ မည်သည့်နိုင်ငံရေးသမားနှင့်မဆို အလုပ်တွဲလုပ်နိုင်စွမ်းရှိခြင်းကြောင့်          အိမ်ဖြူတော်ဝန်ထမ်းဦးစီးချုပ်ရာထူးနှင့် ကိုက်ညီသည်ဟု ဂျိုးဘိုင်ဒင်က ချီးကျူးခဲ့သည်။             


Ref:BBC(KNT






အခြားဆက်စပ်သတင်းများ